​ပြည့်တန်ဆာလုပ်ကိုင်သူ နိုင်ငံခြားအမျိုးသမီးများအား မလေးရှားရဲ ဖမ်းဆီး

alt

မ​လေး​ရှား​​ ​ရဲ​တပ်​ဖွဲ့​က​ ​ပြည့်​တန်​ဆာ​​ ​လုပ်ငန်း​လုပ်​ကိုင်​သူ​​ ​နိုင်ငံ​ခြား​ ​အ​မျိုး​သ​မီး​​ ​၁၂​ ဦး​အား​ ​ဖမ်း​ဆီး​ရ​မိ​ကြောင်း​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​အီ​ပေါ​ရှိ​ ​ဟို​တယ်​တစ်​လုံး​ကို​ ​ဝင်စီး​သည့်​အ​ခါ​ အ​တွင်း​ခံ​သာ​ ​ဝတ်​ဆင်​ထား​သည့်​ ​အ​မျိုး​သ​မီး​များ​အား​ ​ဖမ်း​မိ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ရိန်း​ဘိုး​စီး​တီး​ ​ဟော်​ကာ​စင်​တာ​ကို​ ​နို​ဝင်​ဘာ​ ​၉​ ​ရက်​နေ့​က​ ​ဝင်​ရောက်​စီး​နင်း​ခဲ့​ပြီး​နောက်​ ​အသက်​ ​၂၀​ ​မှ​ ​၃၀​ ​ကြား​ ​အ​မျိုး​သ​မီး​ ​တစ်​ဒါ​ဇင်​ကို​ ​ဖမ်း​မိ​ခဲ့​ကြောင်း​၊​ ​ယင်း​တို့​အ​နက်​ ​ထိုင်း​အ​မျိုး​သ​မီး​ ​၇​ ဦး​၊​ ​တ​ရုတ်​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​တို့​အ​ပြင်​ ​လာ​အို​မှ​ ​၂​ ဦး​တို့​ ​ပါ​ဝင်​ကြောင်း​ ​ရဲ​အ​ရာ​ရှိ​ ​တစ်ဦး​ဖြစ်​သူ​ ​ခိုင်​ရီ​အေ​နာ​က​ဆို​သည်​။​ ​ထို့​အ​ပြင်​ ​ကွန်​ဒုံး​နှင့်​ ​အ​ခြား​လိင်​အ​သုံး​အ​ဆောင်​ ​ပ​စ္စည်း​များ​ကို​ပါ​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ၎င်း​က​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​ပြီး​ ​ဟို​တယ်​အ​မှု​ထမ်း​ ​၃​ ဦး​နှင့်​ ​ဖောက်​သည်​ဟု​ ​ယူ​ဆ​ရ​သည့်​ ​အ​သက်​ ​၂၉​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​ကို​ပါ​ ​ထိန်း​သိမ်း​ထား​လိုက်​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ကြား​သွား​သည်​။​ ​

ရဲ​တပ်​ဖွဲ့​ ​ဝင်​စီး​စဥ်​ ​ထွက်​ပြေး​ပြီး​နောက်​ ​လက်​ရန်း​ကို​ကျော်​ကာ​ ​ပြုတ်​ကျ​သူ​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​အ​သေး​စား​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​အေ​နာ​က​ ​ပြော​ကြား​သွား​သည်​။​ ​က​နဦး​ ​စုံ​စမ်း​မှု​များ​အ​ရ​ အ​မျိုး​သ​မီး​များ​တွင်​ ​အ​လုပ်​လုပ်​ခွင့်​ပါ​မစ်​နှင့်​ ​ဗီ​ဇာ​များ​ ​မ​ရှိ​ဟု​ ​သိ​ရ​သည်​။​ ​ထိန်း​သိမ်း​ခံ​ထား​ရ​သူ​များ​ကို​ ​ပီ​ရက်​ရဲ​စ​ခန်း​သို့​ ​ဆက်​လက်​ခေါ်​ယူ​ကာ​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​နေ​ဆဲ​ဟု​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here