Text Message အလွန်အကျွံပေးပို့ခြင်း​နှင့် လူငယ်တို့၏ စိတ်နေစိတ်ထား ဆက်စပ်နေ

alt

အလွန်အကျွံ Text Message​ ပေးပို့မှုများသည် လူငယ်များ၏ စိတ်နေစိတ်ထား အကျင့်စရိုက်အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

နေ့စဥ် Message​ စောင်ရေ ၁၂၀ ဝန်းကျင်မျှ ပေးပို့သော ဆယ်ကျော်သက်များသည် လိင်ကိစ္စကို ပိုမိုလိုလားလာတတ်သလို မူးယစ်ဆေးဝါး သုံးစွဲရန်နှင့် အရက်သောက်ရန် စိတ်အားထက်သန်လာတတ်ကြောင်း သိရသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများတွင် လူငယ်များသည် Message ပေးပို့မှုကို အထူးဝါသနာထုံ စွဲလန်းနေတတ်ပြီး ဆေးပညာအရ တစ်နေ့လျင် Message အစောင်ပေါင်း ၁၂၀ အထက် ပေးပို့ခြင်းကို Hyper-Messaging​ ဟု အမည်ပေးထားသည်။ ယင်းအလေ့အထသည် ဆေးလိပ်နှင့် အရက်သောက်ခြင်းတို့ကို ပိုမိုလှုံ့ဆော်ပေးတတ်သလို လိင်ဆက်ဆံလိုမှုနှင့် တိုက်ခိုက်လိုစိတ်တို့ကိုလည်း ပြင်းပြလာစေကြောင်း အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုရှိ Case Western Reserve​ တက္ကသိုလ်မှ ပညာရှင်များက ပြောကြားခဲ့သည်။

ယင်းတို့သည် ဆယ်ကျော်သက်ကျောင်းသား ၄၂၀၀ မျှကို လေ့လာခဲ့ရာ လူငယ်များ၏ ၅ ပုံ ၁ ပုံခန့်သည် Hyper-Messaging အလေ့အထ စွဲကပ်နေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ သုတေသီများက မိဘများအနေနှင့် ကလေးများ၏ Message​ ပေးပို့မှုကို စောင့်ကြည့်သင့်ကြောင်း၊ အပြန်အလှန် ချိတ်ဆက်မှုများမှတဆင့် မကောင်းသော ကိစ္စများတွင် လက်တည့်စမ်းမိအောင် ဆွဲဆောင်မှုက ကလေးများ၏ ဗီဇကို ပြောင်းလဲစေတတ်ကြောင်း သိတပေးခဲ့သည်။ တက္ကသိုလ်မှ ဒေါက်တာ စကော့ဖရန့်က မိမိတို့သည် ယခုလေ့လာမှုအတွက် အသက် ၁၈ နှစ်အောက် ကျောင်းသူကျောင်းသားများ၏ တစ်နေ့တာအတွင်း Message​ ပေးပို့မှု အကြိမ်အရေအတွက်ကို စာရင်းကောက်ခံ လေ့လာခဲ့ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here