Samsung ၏ Glaxy S စမတ်ဖုန်း အမေရိကန်တွင် အလုံးရေ ၃ သန်း ရောင်းချရပြီးဖြစ်

alt

Samsung​ ကုမ္ပဏီက ထုတ်လုပ်သည့် စမတ် ဖုန်း ဖြစ်သော Glaxy S​ သည် အမေရိကန်တွင် အလုံးရေ ၃ သန်းကျော် ရောင်းချ နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ Samsung​ ၏ Marketing​ ဌာန အကြီးအကဲ ပေါဂိုးဒင်းက ယခု အနေ အထားသည် ကျေနပ်ဖွယ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးသည် မကြာသေးမီကမှ တစ်ကမ္ဘာလုံးတွင် Glaxy S​ ဖုန်းပေါင်း ၅ သန်းကျော်ထိ ရောင်းချ ပြီး ဖြစ်ကြောင်း ကြေညာ ခဲ့သေးသည်။ ထိုစဥ်က ရောင်းချ ရသည့် နိုင်ငံများ အနက် အမေရိကန်တွင် ၂ သန်းနှင့် ကိုရီးယားတွင် ၁ သန်း ဟု Samsung​ က စာရင်း ထုတ်ပြန် ခဲ့သည်။ သို့သော်လည်း မည်သည့် အချိန် အတိုင်း အတာတွင် ယခုလို ပမာဏများစွာ ရောင်းချ နိုင်ခြင်း ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။ Samsung​ သည် ၎င်း၏ ကုမ္ပဏီထုတ် မိုဘိုင်း ဖုန်းမျိုးစုံ ရောင်းချမှုမှာ သန်း ရ၀ ကျော် သွားပြီဟု လည်း သိရသည်။ ယင်းမှာ ယမန် နှစ်ကထက် ၁၈.၆ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး Blackberry၊ HTC​ နှင့် iPhone​ တို့ ကြီးစိုး နေသည့် အမေရိကန် ဈေးကွက်ကို ထိုးဖောက် လာနိုင်ခြင်းကို သက်သေ ပြလျက်ရှိသည်။

Glaxy S ဖုန်းများကို မတ်လက စတင်ရောင်းချခဲ့ပြီး AT&T၊ T-Mobile​ နှင့် Verizon​ တို့၏ Network​ များနှင့် ချိတ်ဆက်ခဲ့သည်။ Samsung​ သည် Google​ ထုတ် OS​ ဖြစ်သော Android​ နှင့် မောင်းနှင်မည့် Continuum စမတ်ဖုန်းသစ်ကိုလည်း နိုဝင်ဘာ ၁၁ ရက်နေ့တွင် မိတ်ဆက် ပြသသွားမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here