ပဟေဠိဆန်နေသည့် အမေရိကန်မှ ဒုံးကျည်လမ်းကြောင်းပုံစံ အခိုးအငွေ့တန်း

alt

အမေရိကန်တွင် လူများစွာ တွေ့ရှိခဲ့သည့် ဒုံးကျည် လွှတ်တင် လိုက်သည့် ပုံစံမျိုး ရေခိုး ရေငွေ့များ အတန်းလိုက် ကျန်ရှိနေသော ကိစ္စအတွက် ပင်တဂွန် စစ်ဌာနချုပ်တွင် အကြပ်ရိုက် နေကြောင်း သိရသည်။

ကယ်လီဖိုးနီးယား ကောင်းကင်ယံတွင် ထင်ကျန် နေသော အဆိုပါ အတန်းလိုက် အခိုး အငွေ့ကို KCBS ရုပ်မြင်သံကြား ဌာနက မှတ်တမ်း တင်နိုင် ခဲ့သော်လည်း မည်သည့် အရာမှန်း မသိဘဲ ပဟေဠိ ဆန်ဆန် ဖြစ်နေသည်။ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းက လော့စ်အိန်ဂျယ် လိစ်မြို့တော် အနောက် ဖက်ခြမ်းတွင် တွေ့လိုက်သော အရာကို ပင်တဂွန်က အမျိုးအမည် မခွဲခြား နိုင်သေးသော်လည်း နိုင်ငံ အတွက် ခြိမ်းခြောက်မှု တစုံတရာ မရှိဟု အတည်ပြုနိုင်ကြောင်း ကြေညာခဲ့သည်။ ပင်တဂွန်သည် ထိုအရာကို လွှတ်တင်လိုက်သည် ဆိုပါက ယင်း၏ ပစ်စင်နေရာကို တွေ့ရှိနိုင်ရန် ကြိုးပမ်းရှာဖွေလျက်ရှိသည်။

အမျိုးအမည်မသိ အခိုးအငွေ့တန်းနှင့် ပတ်သက်ပြီး မြို့ခံများကြား စိုးရိမ်မှုများ ရှိနေပြီး ဒေါင်လိုက်တက်သွားသည့် အနေအထားကြောင့် ဒုံးကျည်ပစ်လိုက်ခြင်းဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ သမားရိုးကျအားဖြင့် ဒုံးကျည်စမ်းသပ်မှုများကို လူထူထပ်ရာ နေရာများတွင် ပြုလုပ်လေ့ မရှိသလို လေယာဥ်သွားလာမှုကိုလည်း ရှင်းလင်းထားရသည်။ ထိုနေ့ကမူ လေကြောင်းခရီးစဥ်များကို တားဆီးဖျက်သိမ်းထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း မရှိဟုလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here