ဂျွန်နီဒပ်နှင့် ဂျိူလီတို့၏ အဝတ်မပါသော ဇာတ်ဝင်ခန်းများ ဖယ်ရှာပေးရန် ဒပ်၏ချစ်သူ တောင်းဆို

alt

ဟောလီးဝုဒ် နာမည်ကျော်မင်းသား ဂျွန်နီဒပ်၏ ချစ်သူက The Tourist ဇာတ်ကားတွင် ဒပ်နှင့် အိန်ဂျယ်လီနာ ဂျိုလီတို့၏ အဝတ်မပါသော ဇာတ်ဝင်​ခန်းကို ပယ်ဖျက်ရန် တောင်းဆို လိုက်သည်။

ဒပ်နှင့် ကာလရှည်ကြာစွာ တွဲလာသည့် ဗင်နစ်ဆာ ပရာဒစ်က ဟောလီးဝုဒ်၏ အကျော်ကြားဆုံး သရုပ်ဆောင် နှစ်ဦး ရေချိုးခန်း ရှာဝါအောက်တွင် ပလူးပလဲ ဖြစ်နေသော ဇာတ်ဝင်​ခန်းကို စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ အသက် ၃၇ နှစ်ရှိ ပြင်သစ် အဆိုတော်သည် ဒပ်နှင့် ကလေး ၂ ဦး ရထားပြီး ဖြစ်သည်။ သူမက ဇာတ်ညွှန်းသည် မလိုအပ်ဘဲ လိင် အသားပေးမှုများကို ဖော်ညွှန်း လွန်းနေကြောင်း ဝေဖန်ခဲ့သည်။ ဇာတ်ကား၏ အစမ်း ပြသမှုများ ထွက်ပေါ် လာချိန်တွင် အသက် ၄၇ နှစ်ရှိ မင်းသားနှင့် အသက် ၃၅ နှစ်အရွယ် မင်းသမီး တို့၏ ပလူးပလဲ ဇာတ်ကွက်များကို ဖော်ပြ ထားကြောင်း သိရသည်။

ဇာတ်ကားသည် အမေရိကန် ကမ္ဘာလှည့် ခရီးသည် ဖရန့်တေလာအဖြစ် သရုပ်ဆောင်သော ဒပ်ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အေးဂျင့်ဖြစ်သူ ကာရာမေဆန်အဖြစ် သရုပ်ဆောင်သည့် ဂျိုလီက ဆွဲဆောင်သိမ်းသွင်းရသည်ကို ပုံဖော် ရိုက်ကူးထားသည်။ ဒပ်နှင့် ၁၂ နှစ်ကြာ အတူနေခဲ့သူ ဗင်နစ်ဆာသည် ယင်းဇာတ်ကားကြောင့် ဒပ်နှင့်ဂျိုလီတို့ အနေနီးသွားမည်ကို စိုးရိမ်ကြောင်း ဝန်ခံ ပြောကြားခဲ့ဖူးသည်။

ဂျိုလီသည် ၂၀၀၅ ခုနှစ်က Mr. & Mrs. Smith ဇာတ်ကားကို မင်းသားဘရတ်ပစ်နှင့် အတူတွဲ သရုပ်ဆောင်ခဲ့ပြီးနောက် ပစ်မှာ ဇနီးသည် ဂျင်နီဖာ အင်နစ်စတန်ကို ကွာရှင်းကာ သူမနှင့်အတူ ပေါင်းသင်းနေခဲ့သည်။ The Tourist ဇာတ်ကားကို အမေရိကန်တွင် လာမည့်လအတွင်း စတင်ရုံတင်မည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here