ရင်​ဘတ်​တွင်​ထိုး​ထား​သည့်​​ ​ပေါ်​ပီ​ပန်း​ ဖြုတ်​ပေး​ရန်​ ​ဗြိ​တိန်ဝန်​ကြီး​ချုပ်​နှင့်​အ​ဖွဲ့​အား​ တ​ရုတ်​အ​စိုး​ရ​တောင်း​ဆိုခဲ့

alt

ပေါ်​ပီ​ (​ဘိန်း)​ပန်း​များ​ကို​ ​အ​မှတ်​တ​ရ​ ​ရင်​ဘတ်​တွင်​ ​ထိုး​ခဲ့​သည့်​ ​ဗြိ​တိန်​ဝန်​ကြီး​ချုပ်​နှင့်​ ​ဝန်​ကြီး​ ​၄​ ဦး​အား​ ​တ​ရုတ်​အ​စိုး​ရ​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ယင်း​ပန်း​များ​အား​ ​ဖြုတ်​ပေး​ရန်​ ​တောင်း​ဆို​ခဲ့​ ကြောင်း​ ​သိ​ရ​သည်​။​

​သို့​သော်​လည်း​ ​ဒေး​ဗစ်​ကင်​မ​ရွန်​နှင့်​ ​ဝန်​ကြီး​များ​က​ ​အ​ဆို​ပါ​ ​တောင်း​ဆို​ချက်​အား​ ​ငြင်း​ဆန်​ခဲ့​သည်​။​ ​ဗြိ​တိန်​ ​ဝန်​ကြီး​ချုပ်​နှင့်​ ​အ​ဖွဲ့​သည်​ ​တ​ရုတ်​နိုင်ငံ​သို့​ ​အ​လည်​အ​ပတ်​ ​ခ​ရီး​စဥ်​ ​ရောက်​ရှိ​ နေ​စဥ်​ ​နို​ဝင်​ဘာ​ ​၁၀​ ​ရက်​နေ့​က​ ​ယ​ခု​လို​ ​ပေါ်​ပီ​ပန်း​များ​ ​ဖယ်​ရှား​ပေး​ရန်​ ​တောင်း​ဆို​ခံ​ရ​ခြင်း​ဖြစ်​သည်​။​ ​တ​ရုတ်​နိုင်ငံ​က​ ၎င်း​တို့​နှင့်​ ​အ​င်္ဂလိပ်​တို့​ကြား​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ဘိန်း​စစ်​ပွဲ​များ​ကို​ ​ဆန့်​ကျင်​သည့်​ ​အ​နေ​နှင့်​ ​ ပေါ်​ပီ​ပန်း​များ​ကို​ ​ဖြုတ်​ပေး​ရန်​ ​တောင်း​ဆို​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​နှစ်​သည်​ ​ဒု​တိ​ယ​ ​ဘိန်း​စစ်​ပြီး​ဆုံး​သည့်​ ​နှစ်​ပေါင်း​ ​၁၅၀​ ​ပြည့်​မြောက်​သော​ ​နှစ်​လည်း​ဖြစ်​သည်​။​

​ဗြိ​တိန်​ဝန်​ကြီး​ချုပ်​နှင့်​ ​အ​ဖွဲ့​သည်​ ​စစ်​ပွဲ​များ​တွင်​ ​ကျ​ဆုံး​ခဲ့​သည့်​ ​ဗြိ​တိ​သျှ​ ​စစ်​သည်​များ​ကို​ ​အ​စဥ်​အ​လာ​ ​ဂုဏ်​ပြု​မှု​အ​ဖြစ်​ ​ဝတ်​ဆင်​သော​ ​ပေါ်​ပီ​ပန်း​များ​ကို​ ​ဖြုတ်​မ​ပေး​နိုင်​ကြောင်း​ ​ပြန်​ကြား​ခဲ့​သည်​။​ ​ဝန်​ကြီး​ချုပ်​နှင့်​အ​တူ​ ​လိုက်​ပါ​သွား​သည့်​ ​စွမ်း​အင်​ဝန်​ကြီး​ ​ခ​ ရစ်​ဟာ​နီ​က​ ​ပ​ထ​မ​တွင်​ ​တ​ရုတ်​တို့​ ​နောက်​နေ​သည်​ဟု​ ​ထင်​ခဲ့​ကြောင်း​၊​ သို့​သော်​လည်း​ ​အ​တည်​ကြီး​ ​ဖယ်​ရှား​ခိုင်း​မှန်း​ ​သိ​လာ​သည့်​အ​ခါ​ ​ဝန်​ကြီး​ချုပ်က​ ​ချက်​ချင်း​ငြင်း​ပယ်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​

ဝန်​ကြီး​ချုပ်​က​ နို​ဝင်​ဘ​လ​တွင်​ ​ပေါ်​ပီ​ပန်း​များ​ ​ရင်​ဘတ်​တွင်​ ​ထိုး​ထား​သည့်​ ​အ​လေ့​အ​ထ​သည်​ ​ဗြိ​တိ​သျှ​တို့​အ​တွက်​ ​မည်​မျှ​အ​ရေး​ပါ​ကြောင်း​ ​တ​ရုတ်​တို့​ ​နား​လည်​အောင်​ ​ပြန်​လည်​ရှင်း​ပြ​ခဲ့​သည်​ဟု​ ​ဟာ​နီ​က​ဆို​ သည်​။​ ကင်​မ​ရွန်​သည်​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​သ​မ္မ​တ​ ​ဟူ​ကျင်​တောင်​နှင့်​ ​တွေ့​ဆုံ​ခဲ့​ပြီး​နောက်​ ​တောင်​ကို​ရီး​ယား​သို့​ ဆက်​လက်​ထွက်​ခွာ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here