အာဆင်နယ်နည်းပြအာဆင်းဝင်းဂါး အမျိုးသမီးတစ်ဦးနှင့် ဇာတ်ရှုပ်နေဟု သတင်းထွက်လာ

alt

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်မှ နည်းပြကြီး အာဆင်းဝင်​းဂါး တစ်ယောက် မီဒီယာ ထိုးနှက်မှု တစ်ခုနှင့် ကြံုနေ ရကြောင်း သိရသည်။ အသက် ၆၁ နှစ်အရွယ် ပြင်သစ် လူမျိုး နည်းပြ ကြီးသည်

အမျိုးသမီး တစ်ဦးနှင့် ဇာတ်ရှုပ် နေကြောင်း ဗြိတိန် သတင်းစာ The Sun က နိုဝင်​ဘာ ၆ ရက်နေ့တွင် ဖော်ပြ လိုက်သည်။

အိမ်ထောင်ရှင် တစ်ဦး ဖြစ်သူ ဝင်​းဂါးနှင့် ပတ်သက် နေသူမှာ အသက် ၃၉ နှစ်ရှိ ပြင်သစ် အဆိုတော် ဆိုနီယာ တာတာဆိုသူ ဖြစ်ပြီး ယင်းတို့နှစ်ဦး ပတ်သက်ခဲ့သည့် သက်တမ်းမှာ ၂ နှစ် ကျော်ပြီဟု The Sunက ရေးသား ထားသည်။ ဝင်​းဂါးက ယခု လုပ်ရပ်သည် ပြင်းထန်သော ထိုးနှက်မှု တစ်ခု ဖြစ်ပြီး မိမိ အနေနှင့် တုန့်ပြန်ရန် စိတ်ကူး မရှိသေးကြောင်း၊ ဗြိတိန် မီဒီယာများသည် ကိုယ်ရေး ကိုယ်တာကိစ္စများကို အလွန် စိတ်ဝင်​စားပြီး ယင်းအတွက် စိတ်ပျက်သော်လည်း မှတ်ချက် တစုံတရာ မပေး လိုကြောင်း ပြောကြား သွားသည်။

အာဆင်နယ် အသင်းကလည်း ယင်းအတွက် မည်သို့မျှ ပြောဆိုခြင်း မရှိဘဲ The Sun​ အနေနှင့် ဝင်​းဂါး၏ မိသားစုကို လေးစားမှုရှိရန် သတိပေးခဲ့သည်။ ဝင်​းဂါးသည် အာဆင်နယ်တွင် နည်းပြတာဝန် ယူထားသည်မှာ ၁၉၉၆ ခုနှစ်ကတည်းဖြစ်ပြီး ဇနီးသည် အန်နာဘရွတ်စတာဟောက်နှင့် သမီး ၁ ဦးရှိကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here