ဝမ်း​ကွဲ​ညီ​အစ်​ကို​၏​​ ​လက်​ချောင်း​များ​ကို​​ ​ဓား​ဖြင့်​ခုတ်​ဖြတ်​သည့်​​ ​မ​လေး​ရှား​လူငယ်​​ ​ထောင်​ ​၃​​ ​နှစ်​ကျ

alt

မ​လေး​ရှား​နိုင်ငံ​မှ​ အ​သက်​ ​၂၂​ ​နှစ်​အ​ရွယ်​​ ​လူငယ်​တစ်ဦး​သည်​ ​ဝမ်း​ကွဲ​ညီ​အစ်​ကို​​ ​တော်​စပ်​သူ​ ​တစ်ဦး​၏​​ ​လက်​ချော်ငး​များ​ကို​​ ​ဓား​ဖြင့်​ခုတ်​ဖြတ်​ခဲ့​သည့်​အ​တွက်​ ​ထောင်​ ​၃​ ​နှစ်​ ​ကျ​သွား​ ကြောင်း​ ​သိ​ရ​သည်​။

​ ​ခို​နက်​ (​ခေါ်)​ ​ဟန်​ဆန်​အူ​ကာ​သည်​ လူ​တစ်​ဖက်​သား​အား​ ​အ​န္တ​ရာယ်​ရှိ​သော​ ​လက်​နက်​ကို​ ​အ​သုံး​ပြု​ပြီး​ ​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​အ​တွက်​ ​ပြစ်​မှု​ထင်​ရှား​ကြောင်း​ ​ဆီ​ဘူ​တ​ရား​ရုံး​က​ ​သတ်​ မှတ်​ခဲ့​သည်​။​ ​အောက်​တို​ဘာ​ ​၃၁​ ​ရက်​နေ့​က​ ​ခို​နက်​သည်​ ​ရူ​မာ​လာ​ပွတ်​တွင်​ ​အ​ပေါင်း​အ​သင်း​များ​နှင့်​ ​အ​ရက်​သောက်​ပြီး​​နောက်​ ​ဆိုင်​ထဲ​တွင်​ရှိ​သော​ ​အ​ခြား​သူ​များ​နှင့်​ ​စ​ကား​များ​ ​ရန်​ဖြစ်​တော့​သည်​။​ ​ခို​နက်​၏​​ ​ဝမ်း​ကွဲ​ညီ​အစ်​ကို​ ​တစ်ဦး​ဖြစ်​သူ​ ​လာ​ရီ​လာ​ပွတ်​က​ ​ယင်း​ကို​ ​ဖြောင့်​ဖြ​နှစ်​သိမ့်​သော်​လည်း​ ​ခို​နက်​က​ ​မိုက်​သွေး​ကြွ​ကာ​ ​လာ​ပွတ်​အား​ ​အ​င်္ကျီ​ဆွဲ​ပြီး​ ​လက်​သီး​ဖြင့်​ ​ထိုး​ခဲ့​သည်​။​ ​

အ​ခြား​သူ​များ​၏​ ​အ​ကြံ​ပြု​မှု​အ​ရ​ ​လာ​ ပွတ်​သည်​ ​ဆိုင်​အ​ပြင်​ထွက်​သွား​သော်​လည်း​ ​ခို​နက်​က​ ​ယင်း​နောက်​မှ​ ​ပြေး​လိုက်​ကာ​ ​တော​ခုတ်​ဓား​ ​တစ်​လက်​ဖြင့်​ ​လာ​ပွတ်​၏​ ​ကား​ကို​ ​ဖျက်​ဆီး​ခုတ်​ထစ်​ခဲ့​သည်​။​ ​လာ​ပွတ်​က​ ​ခို​နက်​အား​ ​တား​ဆီး​သော​အ​ခါ​ ​ဓား​ဖြင့်​ခုတ်​ခံ​ရ​ပြီး​နောက်​ ​လက်​သန်း​နှင့်​ ​လက်​သူ​ကြွယ်​ ​တစ်​ချောင်း​စီ​ ​ပြတ်​သွား​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here