မြဝတီတိုက်ပွဲများကြောင့် ထွက်ပြေး ရသည့် မြန်မာ ဒုက္ခသည် အရေအတွက်အား UNHCR အတည်ပြု ပြောကြား

alt

နိုဝင်ဘာ ၉ ရက်နေ့က ကုလသမဂ္ဂ၏ ထုတ်ဖော် ပြောဆိုမှုအရ မြန်မာ နိုင်ငံတွင် စစ်ဘေးသင့် ပြည်သူ အရေအတွက်သည် ၁၅၀၀၀ မျှ ရှိမည်ဟု သိရသည်။ အစိုးရ တပ်များနှင့် DKBA တပ်များ မြဝတီမြို့နှင့် ပတ်ဝန်းကျင် ဒေသများတွင် အပြင်းအထန် တိုက်ခိုက်နေမှုကြောင့်

ထွက်ပြေး လာသူ စစ်ဘေး ဒုက္ခသည်များ၏ အရေအတွက်ကို ကုလသမဂ္ဂ ဒုက္ခသည် ရေးရာ အဆင့်မြင့် ကော်မရှင် (UNHCR) အဆင့်မြင့် ကော်မရှင်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ရ ရက်နေ့ မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ အပြီး စတင်သော တိုက်ပွဲကြောင့် နိုင်ငံ အရှေ့ပိုင်းရှိ စစ်ပွဲဇုန်မှ ဒုက္ခသည်များသည် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်း နိုင်ငံဖက်သို့ ထွက်ပြေး ရခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက စစ်ပြေး ဒုက္ခသည် အချို့တို့သည် ၎င်းတို့အိမ်များပါ တိုက်ခိုက်ခံရပြီး အသက်ဘေး စိုးရိမ်ရသည်ဟု ပြောကြားခဲ့ကြောင်းနှင့် အချို့ကလည်း တိုက်ပွဲစသည်နှင့် ကိုယ်လွတ်ရုန်း ပြေးလာခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ဖော်ပြောကြားသွားသည်။

ထိုင်းဖက်သို့ ခိုလှုံရောက်ရှိနေသည့် ဒုက္ခသည်များကို မဲဆောက်လေဆိပ်အနီးတွင် နေရာချပေးထားသည်။ ကုလသမဂ္ဂသည် IMO၊ UNHCRနှင့် ထိုင်းအစိုးရတို့ကို ပူးပေါင်းကာ ဒုက္ခသည်များအတွက် ယာယီရွက်ဖျင်တဲများ ရရှိနိုင်ရန် အကူအညီ တောင်းခံထားသည်။ ကုလသမဂ္ဂက ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒုက္ခသည် အရေအတွက် ဆက်လက်တိုးပွားလာနိုင်ကြောင်း ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here