ငြိမ်း​ချမ်း​ရေး​နို​ဘယ်​ဆု​ရှင်​အား​ ​ ဂုဏ်​ပြု​အ​ခမ်း​အ​နား​အ​တွက်​ ​တောင်​ကို​ရီး​ယား​ကို​ ​တ​ရုတ်​ဖိ​အား​ပေး

alt

တောင်​ကို​ရီး​ယား​ ​နိုင်ငံ​သည်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ရှင်​အ​တွက်​ ​ဂုဏ်​ပြု​အ​ခမ်း​အ​နားနှင့်​ ​ပတ်​သက်​ပြီး တ​ရုတ်​နိုင်ငံ​၏​ ​ဖိ​အား​ပေး​မှု​နှင့်​ ​ကြံု​နေ​ ရ​ကြောင်း​ ​သိ​ရ​သည်​။ နော်​ဝေး​နိုင်ငံ​၊​ ​အော်​စ​လို​မြို့​ရှိ​ ​တ​ရုတ်​သံ​ရုံး​သည်​ ယ​ခု​နှစ်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရ​ရှိ​ခဲ့​သော​

​တ​ရုတ်​နိုင်ငံ​ရေး​ ​အ​ကျဥ်း​သား​ ​လျူ​ဇီ​ဘိုအ​တွက်​ ​ရည်​စူး​သည့်​ ​ဂုဏ်​ပြု​ပွဲ​ ​အ​ခမ်း​အ​နား​သို့​ မ​တက်​ရန်​ ​သံ​ရုံး​အ​တော်​များ​များ​သို့​ ​စာ​ရေး​သား​ ​တောင်း​ဆို​ထား​သည်​။

​ ဒီ​ဇင်​ဘာ​ ​၁၀​ ​ရက်​နေ့​၊​ ​အော်​စ​လို​တွင်​ ​ကျင်း​ပ​ မည့်​ ​အ​ခမ်း​အ​နား​သို့​ ​ပြင်​သစ်​၊​ ​ဗြိ​တိန်​၊​ ​ဂျာ​မ​နီ​အ​ပါ​အ​ဝင်​ ဥ​ရော​ပ​ ​နိုင်ငံ​ ​အ​တော်​များ​များ​မှ​ ​သံ​တ​မန်​များ​ ​တက်​ရောက်​မည်​ဟု​ ​သိ​ရ​သည်​။​ ​တ​ရုတ်​ထံ​မှ​ ​တောင်း​ ဆို​မှု​ကို​ ​မိ​မ​ိ​တို့​ ​အ​စိုး​ရ​က​ ​လက်​ခံ​ရ​ရှိ​ထား​ကြောင်း​ ​တောင်​ကို​ရီး​ယား​ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ဆို​သည်​။​ ​ဆိုး​မြို့​ရှိ​ ​တောင်​ကို​ရီး​ယား​ ​အ​စိုး​ရ​သည်​ ​ယင်း​အ​တွက်​ ​မည်​သည့်​ဆုံး​ဖြတ်​ချက်​မှ​ ​မ​ချ​ရ​သေး​ကြောင်း​လည်း​ ​ဝန်​ကြီး​ဌာ​န​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

အ​ခြေ​အ​နေ​သည်​ ​ထင်​သ​လောက်​ ​မ​လွယ်​ကူ​ကြောင်း​၊​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ စောင့်​ကြည့်​ဆဲ​ ​အ​နေ​အ​ထား​တွင်​သာ​ ​ရှိ​နေ​ကြောင်း​ ​ဝန်​ကြီး​ဌာ​န​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ဆို​သည်​။​ ​တ​ရုတ်​သည်​ ​လျူ​အား​ ​နို​ဘယ်​ဆု​ ​အပ်​နှင်း​သည့်​ ​ဆု​ရွေး​ချယ်​ ရေး​ ​ကော်​မ​တီ​ကို​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဝေ​ဖန်​ခဲ့​သ​လို​ ​နော်​ဝေး​အ​စိုး​ရ​အား​လည်း​ ​သံ​တ​မန်​ ​ဆက်​ဆံ​ရေး​အ​တွက်​ ​အ​န္တ​ရာယ်​ ​ရှိ​လာ​နိုင်​ကြောင်း​ ​ခြိမ်း​ခြောက်​မှု​မျိုး​ပင်​ ​ပြု​လုပ်​ခဲ့​သည်​။​ ​

တ​ရုတ်​ ​ဒု​တိ​ယ​ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဖြစ်​သူ​ ​ကယ်​တီ​ယန်​ကိုင်​က​ ​လျူ​အား​ ​ထောက်​ခံ​သည့်​ ​အ​စိုး​ရ​များ​အ​နေ​နှင့်​ ​တ​ရုတ်​နှင့်​ ​ဆက်​ဆံ​ရေး​ ​ပျက်​ ပြား​ပါ​က​ ​ယင်း​တို့​တာ​ဝန်​ပင်​ ​ဖြစ်​လိမ့်​မည်​ဟု​ ​ခြိမ်း​ခြောက်​ပြော​ဆို​ထား​သည်​။​​

LEAVE A REPLY

Please enter your comment!
Please enter your name here