​ဟေ​တီ​တွင်​ ကာ​လဝမ်း​ရော​ဂါ​ ​ ကူး​စက်​ပျံ့​နှံ့​မှု​​ ​မြို့​တော်​အ​ထိ​ ​ရောက်​ရှိ​လာ

alt

ဟေ​တီ​နိုင်ငံတွင်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ကူး​စက်​ပျံ့​နှံ့​မှု​သည်​ ​မြို့​တော်​ ​ပို့​အူ​ပ​ရင့်​ထိ​ ​ရောက်​ရှိ​လာ​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​ကျန်း​မာ​ရေး​ ​အာ​ဏာ​ပိုင်​များ​က​ ​လူ​ပေါင်း​ ​၅၈၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ပြီး​ ​ဖြစ်​သ​လို​ ​၉၅၀၀​ ​ကျော်​ ​ဆေး​ရုံ​တက်​နေ​ရ​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ကြား​ထား​သည်​။​

​ရေ​မ​သန့်​ရှင်း​ရာ​မှ​ ​စ​တင်​လာ​သော​ ​ ဝမ်း​ရော​ဂါ​သည်​ ​လူ​ပေါင်း​ ​၃​ ​သန်း​ကျော်​ကို​ ​ခြိမ်း​ခြောက်​လျက်​ရှိ​သည်​။​ ​ရော​ဂါ​ပျံ့​နှံ့​မှု​သည်​ ​နိုင်ငံ​တောင်​ပိုင်း​ရော​၊​ ​မြောက်​ပိုင်း​ပါ​ ​ရှိ​နေ​ကြောင်း​ ​ကျန်း​မာ​ရေး​ ​ဝန်​ ကြီး​ဌာ​န​ ​အ​မှု​ဆောင်​ ​ဒါ​ရိုက်​တာ​ ​ဒေါက်​တာ​ ​ဂါ​ဘ​ရီ​ရယ်​ ​တင်​မို​သီ​က​ ​ပြော​ကြား​သွား​သည်​။​ ​မူ​လ​က​ ​ဝန်​ကြီး​ဌာ​န​သည်​ ​ရော​ဂါ​ကူး​စက်​မှု​ကို​ ​စ​တင်ထိန်း​ချုပ်​နိုင်​ပြီ​ဟု​ ​ကြေ​ညာ​ခဲ့​သေး​သော်​လည်း​ ​အောက်​တို​ဘာ​ ​လ​ကုန်​ပိုင်း​က​ ​စ​တင်လာ​သော​ ​ကာ​လ​ဝမ်း​ရော​ဂါ​သည်​ ​ဇန်​န​ဝါ​ရီ​လ​အ​တွင်း​ ​ဆိုး​ဆိုး​ရွား​ရွား​ င​လျင်​ဒဏ်​ကြီး​နှင့်​ ​ ကြံု​ထား​ရ​သည့်​ ​နိုင်ငံ​အား​ ​တ​စ​ထက်​တ​စ​ ​ခြိမ်း​ခြောက်​လာ​ခဲ့​သည်​။​

​ဟေ​တီ​အ​စိုး​ရ​သည်​ ​ကျန်း​မာ​ရေး​ဆိုင်​ရာ​ ​အ​ထောက်​အ​ပံ့​များ​ ​ကူ​ညီ​ပံ့​ပိုး​ပါ​ရန်​ ​နိုင်ငံ​တ​ကာ​သို့​ ​မေ​တ္တာ​ရပ်​ခံ​ ​တောင်း​ဆို​ထား​သည်​။​ ​ကျွမ်း​ကျင်​သူ​များ​က​ ​ရော​ဂါ​ထိန်း​ချုပ်​ရေး​တွင်​ ​အ​ဓိ​က​ ​ကြံု​နေ​သော​ ​အ​ခက်​အ​ခဲ​မှာ​ ​သောက်​ရေ​သန့်​ ​လုံ​လောက်​စွာ​ ​ဖြန့်​ဖြူး​ နိုင်​ရေး​ဟု​ ​သုံး​သပ်​ထား​ပြီး​ ​လူ​အ​များ​အ​နေ​နှင့်​ ​ရေ​ကို​ ​ကြို​ချက်​သောက်​သုံး​ရန်​ ​နှိုး​ဆော်​ထား​သည်​။​ ကာ​ရေ​ဘီ​ယန်​ ​ဒေ​သ​ရှိ​ ​ကျွန်း​နိုင်ငံ​တွင်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ကြောင့်​ ​လူ​ ​၅၀၀​ ​ကျော်​မျှ​ ​သေ​ဆုံး​ရသည်​ဆို​သော​ ​ကိ​စ္စ​သည်​ ​ယ​ခင်​က​ ​လုံး​ဝ​မ​ကြံု​ဖူး​သ​ဖြင့်​ ​ကပ်​ဆိုး​ကြီး​ ​တစ်​ခု​သ​ဖွယ်​ ​ဖြစ်​လာ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here