လိင်ဇာတ်ဝင်ခန်းများ ရိုက်ကူးရခြင်းအတွက် ရှက်မိကြောင်း အန်နာဟီသာဝေးပြောကြား

alt

အန်နာဟီသာဝေးက ရုပ်ရှင် အတွင်း လိင် ဇာတ်ဝင်ခန်းများ ရိုက်ရခြင်းကို ရှက်မိကြောင်း ဝန်ခံ ပြောကြား လိုက်သည်။ အသက် ၂၇ နှစ်ရှိ မင်းသမီးက Loving and Open Experience ဇာတ်ကားတွင် ဂျက်ဂိုင်လန်ဟယ်လာနှင့် လိင် ဇာတ်ဝင်ခန်း ရိုက်ရသည့် အခါ

အဝတ်အစားမပါဘဲ ရိုက်ကူးရေး အဖွဲ့များ ရှေ့တွင် ရှိနေရသည်ကို ရှက် စိတ်ဝင်မိကြောင်း၊ ထိုအချိန်သည် အလုပ်လုပ် နေသည်ဟု အတင်း ဇွတ်မှိတ် စဥ်းစားကာ အာရုံစိုက် ခဲ့ရကြောင်း ဖွင့်ဟ ခဲ့သည်။

သူမက ယင်းသည် အလွန်မသင့်လျော်သော အတွေ့အကြံုမျိုးဖြစ်ကြောင်း၊ ပရိသတ်များက သူမသည် Sexy​ ဖြစ်သည်ဟု ချီးကျူးကြကြောင်း၊ ထိုအချိန်တွင် စိတ်ထဲရှိနေသည်မှာ အလွန်ရှက်နေခြင်းသာဖြစ်ကြောင်း ဟက်သာဝေးက ဝန်ခံပြောဆိုခဲ့သည်။ လူများစွာရှေ့တွင် အဝတ်များအားလုံး ချွတ်လိုက်ရခြင်းမှာ ပျော်စရာ အတွေ့အကြံု တစ်ခုတော့ မဟုတ်ကြောင်း၊ ထိုကိစ္စသည် ရှက်စရာသာဖြစ်ကြောင်း ဟောလီးဝုဒ် စတားက ပြောကြားခဲ့သည်။

ယခင်က Brokeback Mountain​ တွင် အတူတွဲသရုပ်ဆောင်ရင်း လိင်ဇာတ်ဝင်ခန်း အတူရိုက်ခဲ့ဖူးသည့် ဂိုင်လန်ဟယ်လာကလည်း ဟက်သာဝေး၏ ယခုဇာတ်ဝင်ခန်းအတွက် သတ္တိရှိမှုကို ချီးကျူးပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here