လိင်​အ​သား​ပေး​ရုပ်​ရှင်​ ​အ​ကြည့်​များ​ပါ​က​ ​အ​ချိန်​မ​တိုင်​မီ​ ​သက်​လွှတ်​ခြင်း​ကို​ ​ကာ​ကွယ်​နိုင်

alt

လိင်​အ​သား​ပေး​ ​ရုပ်​ရှင်​များ​ ​အ​ကြည့်​များ​ခြင်း​သည်​ ​အ​ချိန်​မ​တိုင်​မီ​ ​သုက်​လွှတ်​ခြင်း​ကို​ ​ကာ​ကွယ်​ကု​စား​ပေး​နိုင်​ကြောင်း​ ​ဆ​ရာ​ဝန်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​တ​ရုတ်​နိုင်ငံ​၊​ ​ဂေါင်​ဇူး​ရှိ​ ​ဆေး​ရုံ​တွင်​ ​လေ့​လာ​မှု​များ​အ​ရ​ ​လိင်​မှု​ကိ​စ္စ​တွင်​ ​စိတ်​မ​ကျေ​နပ်​မှု​ ​ဖြစ်​စေ​သည့်​ ​အ​ချိန်​မ​တိုင်​မီ​ ​သုက်​ထွက်​ခြင်း​အ​တွက်​

​အ​ဓိ​က​ ​ကု​ထုံး​အ​ဖြစ်​ ​အ​ပြာ​ရုပ်​ရှင်​များ​ ​ကြည့်​သင့်​ကြောင်း​ ​အ​ကြံ​ပေး​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​စ​င်္ကာ​ပူ​နိုင်ငံ​မှ​ ​ဆီး​နှင့်​ကျောက်​ကပ်​ ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သူ​ ​ဒေါက်​တာ​လင်​ဖာ​ကယ်​က​ ​ဆေး​ရုံ​တွင်​ ​လူ​နာ​အား​ ​အ​ပြာ​ရုပ်​ရှင်​များ​ကြည့်​ရင်း​ ​လက်​ဖြင့်​ ​သုက်​ထွက်​အောင်​ ​စိတ်​ဖြေ​မှု​ ​ပြု​လုပ်​ကာ​ ​စမ်း​သပ်​စေ​ခဲ့​ကြောင်း​၊​ ​ယင်း​လုပ်​ရပ်​သည်​ ​ကျန်း​မာ​သန်​စွမ်း​မှု​ ​မ​ရှိ​သော​ ​သုက်​ပိုး​များ​ကို​ပါ​ ​ဖယ်​ရှား​ပေး​နိုင်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​အ​ဆို​ပါ​ ​ကု​ထုံး​ကို​ ​ရွေး​ချယ်​ထား​သော​ ​လူ​နာ​အ​ချို့​တွင်​ ​စမ်း​သပ်​လေ့​လာ​နေ​ဆဲ​ဖြစ်​သည်​။​ ​စ​င်္ကာ​ပူ​ရှိ​ ​အ​မျိုး​သား​ ​ကျန်း​မာ​ရေး​ ​ဆေး​ခန်း​တစ်​ခု​မှ​ ​ဒေါက်​တာ​ ​ယန်​ဇီ​ဂျန်း​က​လည်း​ ​အ​ပြာ​ရုပ်​ရှင်​များ​ ​ကြည့်​ရှု​ခြင်း​သည်​ ​အ​မျိုး​သား​များ​အ​တွက်​ ​လိင်​မှုဘ​ဝ​တွင်​ ​ပို​မို​ပျော်​ရွှင်​ ​ချမ်း​မြေ့​စေ​မည့်​ ​ကျွမ်း​ကျင်​မှု​များ​ ​သင်​ယူ​တတ်​မြောက်​စေ​ကြောင်း​ ​ထောက်​ခံ​ခဲ့​သည်​။

​ ​အ​ခြား​ ​လိင်​ကျန်း​မာ​ရေး​ ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သူ​ ​ဒေါက်​တာ​ ​ယူ​ဝေ​ဆန်း​က​ ​ယင်း​ရုပ်​ရှင်​များ​သည်​ ​အ​မျိုး​သား​များ​၏​ ​အ​ဖို​ဟို​မုန်း​ ​တိုး​ပွား​မှု​ကို​ ​အ​ထောက်​အ​ကူ​ပေး​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here