အဝတ်​လျှော်​စက်​အ​တွင်း​ ​မ​တော်​တ​ဆ​ ​အ​ထ​ည့်​ခံ​ရ​ပြီး​ ​၁၀​ ​ရက်​သား​က​လေးငယ်​ ​သေ​ဆုံး

alt

၁၀​ ​ရက်​သား​အ​ရွယ်​ ​က​လေးငယ်​ ​တစ်ဦး​သည်​ ​အ​ဝတ်​လျှော်​စက်​ထဲ​ ​မ​တော်​တ​ဆ​ ​အ​ထည့်​ခံ​ရ​ပြီး​နောက်​ ​သေ​ဆုံး​သွား​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​က​လေး​မ​လေး​၏​ ​မိ​ခင်​ဖြစ်​သူ​ ​လင်း​ဆေး​ ​ဖစ်​ဒ​လာသည်​ ​သ​မီးငယ်​ကို​ ​အ​ဝတ်​ပုံ​ထဲ​တွင်​ ​ရော​နှော​ထည့်​ကာ​ ​အ​ဝတ်​လျှော်​စက်​ထဲ​ ​ထည့်​မွှေ​လိုက်​မိ​ခြင်း​ဖြစ်​သည်​။

​ ​မက်​ဂီ​မေ​ဖစ်​ဒ​လာ​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​က​လေးငယ်​သည်​ ​မိ​နစ်​ ​၄၀​ ​ကြာ​အောင်​ ​အ​ဝတ်​လျှော်​စက်​ထဲ​ ​ထည့်​မွှေ​ခံ​နေ​ရ​ပြီး​မှ​ ​ပြန်​လည်​ရှာ​ဖွေ​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​အို​က​လာ​ဟို​မား​ရှိ​ ​ဘက်​တစ်​ဗယ်​လီ​တွင်​ ​ဖြစ်​ပွား​ခဲ့​သော​ ​ကြေ​ကွဲ​ဖွယ်​ ​ဖြစ်​ရပ်​ဆိုး​အ​တွက်​ ​အ​လွန်​တုန်​လှုပ်​နေ​သော​ ​လင်း​ဆေး​သည်​ ​ရဲ​များ​အား​ ​အ​ကြောင်း​ကြား​ခဲ့​သည်​။​ ​

ရဲ​များ​ရောက်​လာ​ချိန်​တွင်​ ​မက်​ဂီ​မေ​၏​ ​ခ​န္ဓာ​ကိုယ်​ ​သေး​သေး​လေး​မှာ​ ​အ​ဝတ်​များ​နှင့်​ ​ရော​နှော​လုံး​ထွေး​လျက်​ရှိ​သည်​။​ ​ လူ​သတ်​မှု​များ​စွာ​နှင့်​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​မှု​များ​စွာ​ ​ကြံု​ခဲ့​ဖူး​သူ​ ​ရဲ​အ​ရာ​ရှိ​ ​တွမ်​ဟော်​လန်​က​ ​မြင်​ကွင်း​သည်​ ၎င်း​၏​ ​တစ်သက်​တာ​တွင်​ ​ကြေ​ကွဲ​ဖွယ်​ ​အ​ကောင်း​ဆုံး​ဟု​ ​ပြောကြား​ခဲ့​သည်​။​ ​ရဲ​တပ်​ဖွဲ့သည်​ ​လင်း​ဆေး​အား​ ​ဒု​တိ​ယ​အ​ဆင့်​ ​လူ​သတ်​မှု​ဖြင့်​ တ​ရား​စွဲ​ဆို​သွား​မည်​ဖြစ်​သည်​။

​ လင်း​ဆေး​က​ ​သူ​မ​သည်​ ​အ​ဝတ်​လျှော်​ရန်​ ​ဆ​န္ဒ​စော​နေ​စဥ်​က​ ​က​လေး​မည်​သည့်​နေ​ရာ​တွင်​ ​ရှိ​နေ​သည်​ကို​ ​သ​တိ​မ​ပြု​မိ​ကြောင်း​၊​ ​အ​ဝတ်​လျှော်​နေ​ချိန်​ကျ​မှ​ ​မက်​ဂီ​မေ​ ​ပျောက်​နေ​ကြောင်း​ သိ​ရှိ​ခဲ့​သည်​ဟု​ ​ရဲ​များ​ထံ​ ​ထွက်​ဆို​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here