အပျော်သဘောဖြင့် သူတောင်းစားလုပ်ကြည့်သည့် တရုတ် သူဌေးသား

alt

တရုတ်နိုင်ငံမှ သူဌေးကြီး​ တစ်ဦး၏ သားငယ်သည် အပျော်​ သဘောဖြင့် သူတောင်းစား လုပ်ခဲ့သည့်​ အတွက် ဖခင်​ ဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရသည်။ ဇင်ဟွာလမ်းတွင် မီးခိုးရောင် ဝတ်စုံနှင့် ဂျင်း​ ဘောင်းဘီကို ဝတ်ဆင်ကာ

သားရေ​ ရှူးဖိနပ်စီး​ ထားသည့် ယင်း​ အမျိုးသားသည် စူပါ​ မားကက် တစ်ခုရှေ့တွင် ဒူးထောက်ကာ ၎င်းသည် နှစ်ရက် လုံးလုံး ထမင်း​ မစား​ ရသေးကြောင်းနှင့် ရသမျှ ပိုက်ဆံကို ဆေးရုံ​ တက်နေသည့် အမေ​ အတွက် သုံးစွဲ နေရကြောင်း သနားစဖွယ် ခယ​ တောင်းပန်ကာ ဖြတ်သွား​ ဖြတ်လာများထံမှ ငွေကြေးကို တောင်းခံ​ နေခဲ့သည်။

သို့သော်လည်း ၎င်းဝတ်ထားသည့် အဝတ်အစားများမှာ တန်ဖိုးကြီးမားကြောင်း သတိပြုမိသူများလည်းရှိသည်။ အမျိုးသမီးကြီး တစ်ဦးက ယွမ်ငွေ ၃၀ မျှပေးကာ လူတစ်ဦးအနေနှင့် လွယ်လွယ်ကူကူ ဒူးမထောက်သင့်ကြောင်း၊ ယခုငွေဖြင့် ထမင်းဝယ်စားပြီး အားမွေးရန်ပင် တိုက်တွန်းခဲ့သေးသည်။ သို့သော်လည်း ထိုသူသည် ဆက်လက်တောင်းစားနေခဲ့ရာ နေ့လယ်ပိုင်း ရောက်တွင်မူ Audi A6 အမျိုးအစား ကားတစ်စင်း ရောက်လာပြီး တန်ဖိုးကြီးကြီး ဝတ်စားထားသူ တစ်ဦးက ယင်းသူတောင်းစားအား အတင်းဆွဲခေါ်ကာ ကားထဲထည့်ပြီး မောင်းထွက်သွားသဖြင့် လူအများ သို့လောသို့လော ဖြစ်ခဲ့သည်။ အဆိုပါ ကိစ္စသည် နိုဝင်​ဘာ ၆ ရက်နေ့က ဆွေးနွေးစရာ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသူတောင်းစားသည် လူချမ်းသာ မိသားစုမှ ပေါက်ဖွားလာသူ တစ်ဦးဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးဖြစ်ကြောင်း သိလာရသည်။

ဖခင်နှင့် မိသားစုက လမ်းပေါ်တွင် သူတောင်းစား ထွက်လုပ်ခဲ့သည့် ကိစ္စကို မေးမြန်းရာ ၎င်း၏ အပျော်သတ်သတ်သာ ရည်ရွယ်ကြောင်း ဖြေကြားခဲ့သည်ဟုလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here