ပြန်​လည်​ထူ​ထောင်​ရေး​စ​ခန်း​ ​ဖွင့်​လှစ်​ရန်​ ​လင်​ဆေး​လို​ဟန်​ ​စိတ်​ဝင်​စား​နေ

alt

လင်း​ဆေး​လို​ဟန်​တစ်​ယောက်​ ကိုယ်​တိုင်​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စ​ခန်း​များ​ ​ဖွင့်​လှစ်​ရန်​ ​စိတ်​ဝင်​စား​နေ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ Mean​ Girls​ ​စ​တား​ ​အ​ဆို​တော်​ ​မင်း​သ​မီး​၏​ ​မိ​ခင်​ဖြစ်​သူ​က​ ​လို​ဟန်​သည်​ ​ဘက်​တီ​ဖို့​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​

စ​ခန်း​တွင်​ ​ရ​ရှိ​ခဲ့​သော​ ​အ​တွေ့​အ​ကြံု​များ​ကြောင့်​ ဒု​က္ခ​ကြံု​နေ​သည့်​ ​လူငယ်​များ​အ​တွက်​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စ​ခန်း​များ​ ​ဖွင့်​လှစ်​သွား​ရန်​ ​မျှော်​လင့်​နေ​ခြင်း​ဖြစ်​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။

​လို​ဟန်​သည်​ ​အ​ရက်​မူး​ပြီး​ ​ကား​မောင်း​ခဲ့​သည့်​ ​အ​မှု​အ​တွက်​ ​ထောင်​ဒဏ်​ကျ​ခံ​ရ​ပြီး​ ​ထို​မှ​တ​ဆင့်​ ​ဘက်​တီ​ဖို့​သို့​ ​ရောက်​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​တောင်​ပိုင်း​ကာ​ရို​လိုင်း​နား​ရှိ​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စခန်း​တွင်​ ​ပြ​စ်​ဒဏ်​ခံ​ယူ​နေ​ရ​ဆဲ​ဖြစ်​သော​ ​အ​သက်​ ​၂၄​ ​နှစ်​ရှိ​ ​လို​ဟန်​သည်​ ​ဇန်​န​ဝါ​ရီ​လ​ထိ​ ​ထို​နေ​ရာ​တွင်​ ​အ​ရက်​နှင့်​ ​မူး​ယစ်​ဆေး​ဝါး​ဖြတ်​ရန်​ ​နေ​ရဦး​မည်​ဖြစ်​သည်​။​ ​

သူ​မ​သည်​ ​အ​ရက်​သောက်​ခြင်းကို​ ​ဆန့်​ကျင်​သည့်​ ​ပ​ညာ​ပေး​ ​သင်​တန်း​များ​ ​တက်​ရောက်​ရန်​ ​ပျက်​ကွက်​ခဲ့​သည့်​အ​တွက်​လည်း​ ​ပြစ်​ဒဏ်​ကာ​လ​ ​ပို​မို​ရှည်​ကြာ​နေ​ခြင်း​ဖြစ်​သည်​။​ ​အ​ခြား​သော​ ​သ​တင်း​များ​အ​ရ​ ​လိ​ု​ဟန်​၏​ ​ထောင်​ဒဏ်​ကျ​ခံ​ရ​မှု​သည်​ ​သူ​မ​၏​ ​အ​လုပ်​အ​ကိုင်​အ​တွက်​ ​ထိ​ခိုက်​မှု​များ​ ​ရှိ​နိုင်​ကြောင်း​ ​ခန့်​မှန်း​မှု​များ​လည်း​ ​ထွက်​ပေါ်​နေ​သည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here