​ရု​ရှားဝန်​ကြီး​ချုပ်​ ​ဖော်​မြူ​လာဝမ်း​ပြိုင်​ကား​ ​အ​စမ်း​မောင်း​ကြည့်

alt

ရု​ရှား​ဝန်​ကြီး​ချုပ်​ ​ဗ​လာ​ဒီ​မာ​ ​ပူ​တင်​သည်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ပြိုင်​ပွဲ​ဝင်​ ​ပြိုင်​ကား​တစ်​စင်း​အား​ ​အ​စမ်း​မောင်း​ကြည့်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ပူ​တင်​သည်​ ​ပြိုင်​ကွင်း​ထဲ​တွင်​ ​အ​မြန်​နှုန်း​ ​တစ်​နာ​ရီ​ ​မိုင်​ ​၁၅၀​ ​ထိ​တင်​ကာ​ ​မောင်း​ကြည့်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ဝန်​ကြီး​ချုပ်​သည်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ပြိုင်​ပွဲ​ကျင်း​ပ​ရေး​ ​အ​ကြီး​အ​ကဲ​ ​ဘာ​နီ​ ​အက်​က​လီ​စ​တုန်း​နှင့်​ ​ပြီး​ခဲ့​သည့်​လ​က​ ​စာ​ချုပ်​တစ်​ခု​ ​ချုပ်​ဆို​ခဲ့​ပြီး​ ​ယင်း​စာ​ချုပ်​အ​ရ​ ​၂၀၁၄​ ​ဖော်​မြူ​လာ​ဝမ်း​ ရာ​သီ​တွင်​ ​ပြိုင်​ပွဲ​ကို​ ​ရု​ရှား​ဂ​ရင်း​ပ​ရီ​ဖြင့်​ ​စ​တင်​သွား​မည်​ဖြစ်​သည်​။​ ​ပူ​တင်​၏​ ​ကား​အ​စမ်း​မောင်း​မှု​သည်​ ၎င်း​၏​ ​အား​က​စား​သ​မား​ဆန်​သော​ ​ပုံ​ရိပ်​ကို​ ​ပို​မို​ပီ​ပြင်​စေ​သည်​။​ ​

စိန့်​ပီ​တာ​စ​ဘက်​ရှိ​ ​ပြိုင်​ကား​ကွင်း​သို့​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​ ​ရောက်​ရှိ​ခဲ့​သည့်​ ​ပူ​တင်​သည်​ ​အ​ဝါ​ရောင်​ ​ပြိုင်​ကား​တစ်​စင်း​ထဲ​ ​ဝင်​ထိုင်​ကာ​ ​ပြေး​လမ်း​ပေါ်​တက်​ပြီး​ ​ကိုယ်​တိုင်​မောင်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​အ​စမ်း​မောင်း​မှု​တွင်​ ၎င်း​အ​နေ​နှင့်​ ​ယင်း​ထက်​ပို​ပြီး​မြန်​မြန်​ ​မ​မောင်း​နိုင်​တော့​ကြောင်း​ ​ပူ​တင်​က​ ​အ​ပြံုး​နှင့်​ ​ဝန်​ခံ​ခဲ့​သည်​။​ ​

ဖော်​မြူ​လာ​ဝမ်း​ ​ပြိုင်​ကား​များ​သည်​ ​တစ်​နာ​ရီ​လျင်​ ​မိုင်​ ​၂၀၀​ ​နှုန်း​ထိ​ ​အ​ရှိန်​မြှင့်​ ​မောင်း​နှင်​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here