ကျူး​ဘား​နိုင်ငံ​တွင်​ ​ဆယ်​စု​နှစ်​တစ်​ခု​ကျော်​အ​တွင်း​ ​ပ​ထ​မ​ဆုံ​အ​ကြိမ်​ ​ကွန်​မြူ​နစ်​ပါ​တီ​ညီ​လာ​ခံ​ကျင်း​ပ

alt

ကျူး​ဘား​နိုင်ငံ​တွင်​ ​ဆယ်​စု​နှစ်​ ​တစ်​ခု​ကျော်​ကြာ​ ​ကာ​လ​အ​တွင်း​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​အ​ဖြစ်​ ​ကွန်​မြူ​နစ်​ ​ပါ​တီ​၏​ ညီ​လာ​ခံ​ကို​ ​ကျင်း​ပ​သွား​မည်​ဖြစ်​သည်​။​ ​နိုင်ငံ့​ခေါင်း​ဆောင်​ ​ရော​ကက်​စ​ထ​ရို​က​ ​ညီ​လာ​ခံ​ကို​ ​လာ​မည့်​နှစ်​ ဧ​ပြီ​လ​တွင်​ ​ကျင်း​ပ​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။

​ ​နှစ်​ပေါင်း​ ​၁၃​ ​နှစ်​အ​ကြာ​တွင်​ ​ပ​ထ​မ​ဆုံး​ ​ပြန်​လည်​ကျင်း​ပ​မည့်​ ​ညီ​လာ​ခံ​သည်​ ​နိုင်ငံ​၏​ ​စီး​ပွား​ရေး​ ​မူ​ဝါ​ဒ​ကို​ ​ပြန်​လည်​ပြင်​ဆင်​ ​သတ်​မှတ်​နိုင်​ရန်​နှင့်​ ​စီး​ပွား​ရေး​ ​အ​ဆောက်​အ​အုံ​ ​ပုံ​စံ​ကို​ ​အ​ဆင့်​မြှင့်​တင်​ရန်​ ​အ​ခြေ​ခံ​ ​ဆုံး​ဖြတ်​ချက်​များ​ ​ချ​မှတ်​သွား​နိုင်​ရန်​ ​ရည်​ရွယ်​ကြောင်း​ ​ကက်​စ​ထ​ရို​က​ ​ဗင်​နီ​ဇွဲ​လား​ ​သ​မ္မ​တ​ ​ဟူ​ဂို​ချား​ဗက်​နှင့်​ ​တွေ့​ဆုံ​စဥ်​ ​ပြော​ကြား​သွား​သည်​။

​နှစ်​နိုင်ငံ​ ​ခေါင်း​ဆောင်​များ​သည်​ ​အ​ပြန်​အ​လှန်​ ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​အ​တွက်​ ​ဆွေး​နွေး​တွေ့​ဆုံ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ကွန်​မြူ​နစ်​ ​အ​စိုး​ရ​ ​အုပ်​ချုပ်​ပြီး​ ​အ​ထီး​ကျန်​ ​နိုင်ငံ​တစ်​ခု​အ​ဖြစ်​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ရပ်​တည်​နေ​ခဲ့​သော​ ​ကျူး​ဘား​သည်​ ​ပြီး​ခဲ့​သည့်​ ​နှစ်​ပိုင်း​အ​တွင်း​ ​ဘဏ္ဍာ​ရေး​ ​အ​ကြပ်​အ​တ​ည်း​များ​ ​ရိုက်​ခတ်​မှု​ဒဏ်​ကို​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​ခံ​စား​နေ​ခဲ့​ရ​သည်​။​

ကျူး​ဘား​အ​စိုး​ရ​သည်​ ​နှစ်​ ​၅၀​ ​ကြာ​ ​သတ်​မှတ်​ပေး​ထား​သည့်​ ​ရ​ပိုင်​ခွင့်​နှင့်​ ​ထောက်​ပံ့​ကြေး​ ​အ​စီ​အ​စဥ်​များ​ကို​ ​ပယ်​ဖျက်​ပြီး​ ကိုယ်​ပိုင်​လုပ်ငန်း​နှင့်​ ​အ​သေး​စား​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​များ​ကို​ ​အား​ပေး​ထောက်​ပံ့​သည့်​ ​မူ​ဝါ​ဒ​ကဲ့​သို့​ ​အ​ပြောင်း​အ​လဲ​များ​ကို​ ​လုပ်​ဆောင်​သွား​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here