က​မ္ဘာ့​ပို​ကာ​စီး​ရီးပြိုင်​ပွဲ​ ​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​လူငယ်​ ​ဗိုလ်​စွဲ

alt

က​မ္ဘာ့​ပို​ကာ​စီး​ရီး​ ​ပြိုင်​ပွဲ​တွင်​ ​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​လူငယ်​တစ်ဦး​က​ ​ဗိုလ်​စွဲ​ပြီး​ ​ဆု​ကြေး​ဒေါ်​လာ​ ​၉​ ​သန်း​နီး​ပါး​ ​ရ​ရှိ​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​က​နေ​ဒါ​ ​နိုင်ငံ​သား​ ​ဂျို​န​သန်​ ​ဒူ​ဟာ​မဲ​သည်​ ​ဖ​လော်​ရီ​ဒါ​မှ​ ​ပ​ရော်​ဖက်​ရှင်​နယ်​ ​အ​ဆင့်​ရှိ​ ​ဂျွန်​ရာ​ဆီ​နာ​အား​ No-Limit​ Texas​ Hold’em​ ​ပြိုင်​ပွဲ​တွင်​ ​အ​နိုင်​ရ​ခဲ့​ခြင်း​ဖြစ်​သည်​။

​ ​၄၃​ ​လှည့်​ကြာ​သော​ ​ပြိုင်​ပွဲ​သည်​ ​ကြိတ်​အ​နယ်​ ​ဖြစ်​ခဲ့​ပြီး​ ​အ​ပြီး​သတ်​ ​အ​နိုင်​ရ​ရှိ​ခဲ့​သူ​ ​ဒူ​ဟာ​မဲ​က​ ​ဆု​ကြေး​ ​ဒေါ်​လာ​ ​၈.​၉၄​ ​သန်း​ ​ဆွတ်​ခူး​သွား​သည်​။​ ​မိ​မိ​အ​တွက်​ ​အိပ်​မက်​ဆန်​လှ​သော​ အ​ခိုက်​အ​တန့်​ ​ဖြစ်​လာ​ကြောင်း​ ​ရီ​ယို​အော​ဆု​ ​ဟို​တယ်​နှင့်​ ​ကာ​ဆီ​နို​ရုံ​တွင်​ ​ကျင်း​ပ​သည့်​ ​ပြိုင်​ပွဲ​အ​ပြီး​တွင်​ ​ဒူ​ဟာ​မဲ​က​ ​ပ​ရိ​သတ်​အား​ ​ပြော​ကြား​ခဲ့​သည်​။​

Onilne​ ​မှ​တ​ဆင့်​ ​အ​ခ​ကြေး​ငွေ​ဖြင့်​ ​အ​စဥ်​တ​စိုက်​ ​ဖဲ​ရိုက်​သည့်​ဂိမ်း​ ​က​စား​ခဲ့​သူ​ ​ဒူ​ဟာ​မဲ​က​ ၎င်း​၏​ ​အ​ဓိ​က​ ​ဝင်​ငွေ​သည်​​ ​ဖဲ​က​စား​ခြင်း​မှ​ ​ရ​နေ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​မိ​မိ​အ​နေ​နှင့်​ ​ပို​ကာ​ဂိ​မ်း​ကို​ ​အ​လွန်​ချစ်​မြတ်​နိုး​ကြောင်း​၊​ ​လာ​မည့်​နှစ်​ ​က​မ္ဘာ့​ပို​ကာ​စီး​ရီး​တွင်​လည်း​ ​အ​ကောင်း​ဆုံး​ ​ရ​လဒ်​ကို​ ​ပိုင်​ဆိုင်​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​ ​နို​ဝင်​ဘာ​ ​၈​ ​ရက်​နေ့​ ​ဗို​လ်​စွဲ​အ​ပြီး​ ​ဒူ​ဟာ​မဲ​က​ဆို​သည်​။​

ယ​ခု​ပို​ကာ​စီး​ရီး​တွင်​ ​ဒု​တိ​ယ​ ​ရ​ခဲ့​သော​ ​ရာ​ဆီ​နာ​သည်​ ​ဆု​ကြေး​ဒေါ်​လာ​ ​၅.​၅၅​ ​သန်း​ကို​ ​ပိုင်​ဆိုင်​နိုင်​ခဲ့​ပြီး​ ​ထို​ပ​မာ​ဏ​သည်​ ​ယင်း​၏​တစ်​သက်​တာ​တွင်​ ​အ​များ​ဆုံး​ ​ရ​ရှိ​သော​ ​ဆု​ကြေး​လည်း​ ​ဖြစ်​လာ​သည်​။​ ​အ​သက်​ ​၂၄​​ နှစ်​ရှိ​ ​ရာ​ဆီ​နာ​က​ ​အ​နိုင်​မ​ရ​ခဲ့​ခြင်း​သည်​ ​ကံ​မ​ကောင်း​ကြောင်း​၊​ ​ဒူ​ဟာ​မဲ​သည်​ ​အ​ကောင်း​ဆုံး​ ​က​စား​သွား​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here