ပေါင်ပေါ်တွင် Laptop တင်သုံးသည့် အမျိုးသားများ သတိပြုစရာ

alt

သုတေသီများက ပေါင်ပေါ်တွင် Laptop​ ကွန်ပျူတာ​ တင်ကာ ကြာမြင့်စွာ သုံးစွဲခြင်းသည် အမျိုးသားများ၏ ကိုယ်ရည်​ ကိုယ်သွေးကို ထိခိုက်​ စေနိုင်ကြောင်း သတိပေး​ လိုက်သည်။

လူပေါင်း ၂၉ ဦးကို လေ့လာမှုများ​ အရ Laptop​ နှင့် ရေရှည်​ ထိတွေ့မှုကြောင့် အမျိုးသားများ၏ သုက်ပိုးများ သေဆုံး​ နိုင်ပြီး မျိုးပွားသည့်​ ကိစ္စတွင် အားနည်းချက် မြင့်မား​ လာနိုင်ကြောင်း အမေရိကန်​ နိုင်ငံ၊ နယူးယောက် အစိုးရ တက္ကသိုလ်မှ ဆီးလမ်းကြောင်း ပညာရှင် ဒေါက်တာ​ ယီဖင် ရှန်ကင်က ပြောကြား​ ခဲ့သည်။ Laptop​ မှ ထွက်လာသည့် အပူဓာတ်သည် ဂျင်း​ ဘောင်းဘီကဲ့သို့ အဝတ်မျိုးကို ဝတ်ထားသူ​ အတွက် ရုတ်တရက် ခံစား​ သိရှိနိုင်မည် မဟုတ်သော်လည်း သုက်ပိုးများကို သက်ရောက်​ နိုင်ကြောင်း ဒေါက်တာရှန်ကင်က ရှင်းပြသွားသည်။

ယခင်က လေ့လာမှုများကမူ Laptop​ မှ ထွက်လာသော အပူဓာတ်သည် အမျိုးသားများ၏ ဝှေးစေ့အတွင်းရှိ သုက်ရည်၏ အရည်အသွေးကို ပြောပလောက်အောင် ထိခိုက်မှု မရှိနိုင်ဟု ယုံကြည်ခဲ့ကြသေးသည်။ ဒေါက်တာရှန်ကင်က ခပ်ကြပ်ကြပ် ဂျင်းဘောင်းဘီနှင့် ကြပ်တည်းသော အတွင်းခံ ဘောင်းဘီတို့သည် အမျိုးသားများ၏ သုက်ပိုးပမာဏကို လျော့နည်းစေသည့် အထောက်အထားမျိုး မတွေ့ရဟု ငြင်းဆိုခဲ့ပြီး မိမိ၏ မျိုးဆက်ကို ချန်ထားလိုသည်ဆိုပါက Laptop​ ကို ပေါင်ပေါ်တင်သုံးခြင်းအား တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ကြောင်းသာ သတိပေး ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here