နာမည်ကျော်မင်းသားကြီး ရှောင်ကွန်နရီ၏ အဝတ်ဗလာနှင့် ပုံတူပန်းချီကား ထွက်ပေါ်လာ

alt

နာမည်ကျော် ဟောလီးဝုဒ် မင်းသားကြီး ရှောင်ကွန်နရီ၏ ဝတ်လစ်စားလစ် ပုံတူ​ ပန်းချီကား​ တစ်ခု ထွက်ပေါ်​ လာကြောင်း သိရသည်။ James Bond ဇာတ်ကားများတွင် ပထမဆုံး ပါဝင်​​ သရုပ်ဆောင်ခဲ့သော မင်းသားကြီး၏

ဟောလီးဝုဒ်​ ကြယ်ပွင့် မဖြစ်မီ အသက်မွေးခဲ့သော ကိုယ်ဟန်ပြ​ မောင်ဘဝက ရေးဆွဲ​ ထားသော ဆီဆေး​ ပန်းချီကားကို ပန်းချီ​ ပညာရှင် ရက်ဝက်စတာ ကွယ်လွန်​ ပြီးချိန်တွင် တွေ့ရှိ​ လာခြင်း​ ဖြစ်သည်။

ပြီးခဲ့သည့်​ လက အသက် ၈၃ နှစ်တွင် အနိစ္စ ရောက်ခဲ့သော ဝက်စတာသည် ကျောင်းသားဘဝ ၁၉၅၁ ခုနှစ်က ယင်း​ ပုံကို ရေးဆွဲပြီး လျှို့ဝှက်စွာ သိမ်းထား​ ခဲ့ခြင်း​ ဖြစ်သည်။ မိသားစုသည် ယခုအခါ အသက် ၈၀ ရှိနေပြီ​ ဖြစ်သည့် မင်းသားကြီး၏ ဓာတ်ပုံကို ဝက်စတာ ကွယ်လွန်ချိန်မှ တွေ့ရှိ​ လာခြင်း​ ဖြစ်သည်။ ဝက်စတာသည် ယင်းပုံကို သိမ်းဆည်းထားပြီး ရောင်းချရန် လုံးဝ​ မစဥ်းစားခဲ့ဟု သိရသည်။ ဆီဆေးဖြင့် ရေးထားသော ပန်းချီကား​ အပြင် ပုံကြမ်း​ ခြစ်ထားသော စာရွက်များကိုပါ ဝက်စတာက သိမ်းထားခြင်း​ ဖြစ်သည်။

ဝက်စတာ၏ မိသားစုသည် ယင်းပန်းချီကားကို ရောင်းချရန် သင့်မသင့် မဆုံးဖြတ်ရသေးချေ။ ကွန်နရီ၏ ပုံတူပန်းချီကားမှာ လက်ရာမြောက်သော အနုပညာ ဖန်တီးမှုတစ်ခုအဖြစ် သတ်မှတ်ခံရပြီး ဈေးနှုန်းမည်မျှ သတ်မှတ်ရမည်ကို မသိကြောင်း ဝက်စတာ၏ မိသားစုက ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here