အ​မေ​ရိ​ကန်​သ​မ္မ​တ​အို​ဘား​မား​ ​အင်​ဒိုး​နီး​ရှား​နိုင်ငံ​သို့​ သွား​ရောက်

alt

အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​သည်​ ​၂​ ​နှစ်​မျှအ​ကြာ​တွင်​ ၎င်း​၏​ ငယ်​ဘ​ဝ​ ​ကျင်​လည်​ရာ​ ​အင်​ဒို​နီး​ရှား​နိုင်ငံ​သို့​ ​ပြန်​ရောက်​တော့​ မည်​ဖြစ်​သည်​။​ ​အို​ဘား​မား​၏​ ​အာရှ​တိုက်​နှင့်​ ​ကုန်​သွယ်​ရေး​ ​မြှင့်​တင်​ရန်​ ​ရည်​ရွယ်​သော​ ​ခ​ရီး​စဥ်​တွင်​ ​အင်​ဒို​နီး​ရှား​ကို​လည်း​ ​ထည့်​သွင်း​စီ​စဥ်​ထား​သည်​။​

​အို​ဘား​မား​သည်​ ​ရွေး​ကောက်​ပွဲ​ ​အောင်​မြင်​မှု​ ​ရ​ရှိ​ပြီး​ချိန်​တွင်​ ​အင်​ဒို​နီး​ရှား​သို့​ ​တစ်​ကြိမ်​သွား​ရောက်​ခဲ့​သေး​သည်​။​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တသည်​ ​မွတ်​ဆ​လင်​ ​နိုင်ငံ​များ​နှင့်​ ဆက်​ဆံ​ရေး​ ​တိုး​မြှင့်​ရန်​ ​ကြိုး​ပမ်း​နေ​သူ​ဖြစ်​ရာ​ ​က​မ္ဘာ​ပေါ်​တွင်​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ဝင်​ ​အ​များ​ဆုံး​ ​နေ​ထိုင်​သည့်​ ​အင်​ဒို​နီး​ရှား​သို့​ ​သွား​ရောက်​ခဲ့​ခြင်း​ ဖြစ်​သည်​။​ ​လက်​ရှိ​တွင်​ ​မီး​တောင်​ပေါက်​ကွဲ​မှု​နှင့်​ ​မ​ကြာ​သေး​မီ​က​ ​ဆူ​နာ​မီ​ ​ရေ​လှိုင်း​များ​ ​ရိုက်​ခတ်​မှု​ကို​ ​ခံ​ထား​ရ​သည့်​ ​နိုင်ငံ​တွင်​ ​အို​ဘား​မား​အ​နေ​နှင့်​ ​၂၄​ ​နာ​ရီ​ ကြာ​ ​နေ​ထိုင်​မည်​ဖြစ်​သည်​။

​ ​အို​ဘား​မား​သည်​ ငယ်​ဘ​ဝ​က​ ​၄​ ​နှစ်​ကြာ​ ​နေ​ထိုင်​ဖူး​သော​ ​နိုင်ငံ​သို့​ ​နို​ဝင်​ဘာ​ ​၉​ ​ရက်​နေ့​တွင်​ ​ရောက်​ရှိ​မည်​ဖြစ်​ပြီး​ ​သ​မ္မ​တ​ ​ဆူ​ ဆီ​လို​ ​ဘမ်​ဘ​န်း​ ​ယူ​ဒါ​ဟွာ​နို​နှင့်​လည်း​ ​တွေ့​ဆုံ​သွား​မည်​ဖြစ်​သည်​။​ သို့​သော်​လည်း​ ​သ​မ္မ​တ​၏​ ​ခ​ရီး​စဥ်​ကို​ ​အ​ချိန်​ကိုက်​ ​ရေး​ဆွဲ​ထား​သ​ဖြင့်​ ငယ်​ဘ​ဝ​က​ ​ပေါင်း​ သင်း​ဆက်​ဆံ​ခဲ့​သည့်​ ​မိတ်​ဆွေ​သူငယ်​ချင်း​များ​၊​ ​အိမ်​နီး​ချင်း​များ​နှင့်​ ​တွေ့​ဆုံ​မည်​ ​မ​ဟုတ်​ချေ​။​ ​၁၉၆၇​ ​ခု​နှစ်​မှ​ ​၁၉၇၁​ ​ခု​နှစ်​ထိ​ ​အို​ဘား​မား​ ​အင်​ဒို​နီး​ရှား​တွင်​ ​ နေ​ထိုင်​ခဲ့​စဥ်​က​ ​စာ​သင်​ပေး​ခဲ့​သည့်​ ​ကက်​ထ​ရီ​နာ​ ​ဖာ​မီ​နာ​ ​ဆင်​ဂါ​နာ​က​ ​က​မ္ဘာ့​ခေါင်း​ဆောင်​ ​တစ်ဦး​အ​နေ​နှင့်​ ​အို​ဘား​မား​၏​ ​ခ​ရီး​စဥ်​ကို​ ​တိ​ကျ​စွာ​ ​သတ်​မှတ်​စီ​ စဥ်​ထား​မည်​ကို​ ​သ​ဘော​ပေါက်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ယင်း​နှင့်​တွေ့​ခွင့်​ရ​ရန်​ ​မျှော်​လင့်​နေ​ဆဲ​ဖြစ်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​

​အ​သက်​ ​၆၁​ ​နှစ်​အ​ရွယ်​ရှိ​ပြီ​ ဖြစ်​သော​ ​ကက်​ထ​ရီ​နာ​သည်​ ​အို​ဘား​မား​ကို​ ​ဘယ်​ရီ​ဟု​ ​ချစ်​စ​နိုး​ခေါ်​ဝေါ်​ပြီး​ ၎င်း​တ​တိ​ယ​တန်း​ ​ကျောင်း​သား​ဘ​ဝ​က​ ​စာ​သင်​ပေး​ခဲ့​ဖူး​သည​်။​ အို​ဘား​မား​သည်​ ​ အင်​ဒို​နီး​ရှား​တွင်​ ​ဖြစ်​ပေါ်​နေ​သော​ ​သ​ဘာ​ဝ ​ဘေး​အ​န္တ​ရာယ်​များ​ကြောင့်​ ​ခ​ရီး​စဥ်​ကို​ ​ဖျက်​သိမ်း​ရန်​ပင်​ ​စီ​စဥ်​ခဲ့​သေး​ပြီး​ ​နောက်​ပိုင်း​မှ​ ​မူ​လ​အ​တိုင်း​ ​ရောက်​ရှိ​လာ​ ခြင်း​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here