ဖော်မြူလာဝမ်းပြိုင်ကားမောင်းသမား သေနတ်သမားတို့ ခြုံခိုတိုက်ခိုက်မှုခံရ

alt

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ပြိုင်ကားမောင်း​ သမား ဂျေဆန်​ ဘာတန်သည် ဘရာဇီးတွင် သေနတ်သမား ခြောက်ဦး​ တို့၏ ခြံုခို​ တိုက်ခိုက်မှုနှင့် ကြံုခဲ့ရကြောင်း သိရသည်။

အသက် ၃၀ အရွယ်ရှိ ဘာတန်က စက်​ သေနတ်များနှင့် ဝိုင်းပစ်သူများ​ လက်မှ လွတ်အောင်​ မောင်းပြေး​ ခဲ့သော ယင်း၏ ဒရိုင်ဗာကို ချီးကျူးခဲ့သည်။ ဆော်ပေါ်လိုတွင် ဟိုတယ်သို့​ အပြန် ဘာတန်၏ ကျည်ကာမှန်များ တပ်ဆင်ထားသော မော်တော်ယာဥ်အား ဝိုင်းဝန်း​ ပစ်ခတ်ခဲ့ခြင်း​ ဖြစ်ပြီး ဘရာဇီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်​ တစ်ဦးဖြစ်သူ ဒရိုင်ဗာက လွတ်မြောက်အောင် မောင်းထွက်​ နိုင်ခဲ့ခြင်း​ ဖြစ်သည်။ ရုပ်ရှင်ဆန်လှသော ဖြစ်ရပ်အတွင်း ဘာတန်၏​ ကားသည် အခြားမော်တော်ယာဥ် အတော်​ များများကိုလည်း ဝင်​တိုက်​ မိခဲ့သေးသည်။

ဖခင်ထံသို့ အလည်ပြန်လာစဥ် ယခုလို သည်းထိတ်ရင်ဖို အတွေ့အကြံုရရှိခဲ့သည့် ဘာတန်က မိမိ၏ ဒရိုင်ဗာသည် ရာဇဝင်ထဲမှ သူရဲကောင်းတစ်ဦးသဖွယ် စွမ်းဆောင်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ နိုဝင်ဘာ ၆ ရက်နေ့ညက ဒုစရိုက်ဂိုဏ်းတစ်ခုဟု ယူဆရသူများက ဘာတန်၏ကားကို ကြားဖြတ်ဟန့်တားကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ယင်း၏ချစ်သူ ဂျက်ဆီကာ မစ်ချီဘာတာကို အတူမခေါ်လာမိသည်မှာ ကံကောင်းကြောင်း ဘာတန်ကဆိုသည်။ ဂျပန်ဖွား ဂျက်ဆီကာသည် အတွင်းခံအဝတ်အထည် မော်ဒယ်တစ်ဦးဖြစ်ပြီး နိုဝင်​ဘာ ရ ရက်နေ့ ဘရာဇီး ဂရင်းပရီအတွက် ဘာတန်အား လိုက်လံအားပေးရန် ဘရာဇီးသို့ လိုက်လာရန် စီစဥ်ခဲ့သော်လည်း အလုပ်ကိစ္စကြောင့် ပျက်ပြယ်ခဲ့သည်။

ရဲအဖွဲ့က ချောင်းမြောင်းတိုက်ခိုက်မှုသည် ဘာတန်အား ပြန်ပေးဆွဲရန် ရည်ရွယ်လုပ်ကိုင်ခြင်းဟု ယူဆလျက်ရှိပြီး ယင်းကိစ္စကို စုံစမ်းမှုများ ပြုလုပ်နေသည်။ ဗြိတိန်သား ဘာတန်သည် လက်ရှိချန်ပီယံအဖြစ် ပြိုင်ပွဲတွင် ယှဥ်ပြိုင်လျက်ရှိပြီး လက်ရှိတွင်မူ အဆင့် ၅ နေရာမှ ရပ်တည်နေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here