အာဂျင်တီးနားမှ Gay များ အောင်ပွဲခံစီတန်းလှည့်လည်

alt

အာဂျင်တီးနား​ နိုင်ငံတွင် နိုဝင်​ဘာ ၆ ရက်နေ့က လိင်တူ​ ဆက်ဆံသူများ၊ Gay​ နှင့် Gay​ အခွင့်အရေး လှုပ်ရှားသူများ၏ စုရုံး​ ချီတက်မှု​ တစ်ခု ပြုလုပ်​ ခဲ့ကြောင်း သိရသည်။

ဗြူနိုအေးရီးတွင် ပြုလုပ်သော ချီတက်ပွဲတွင် မိတ်ကပ်​ ရောင်စုံ လိမ်းခြယ်​ ထားသူများ အပါ​ အဝင်​ လူထောင်နှင့်ချီ ပါဝင်​ပြီး ဇူလိုင်လ ၂၁ ရက်နေ့က အာဂျင်တီးနား နိုင်ငံတွင် တရားဝင်​ ပြဌာန်း​ ခဲ့သည့် လိင်တူချင်း လက်ထပ်မှု ဥပဒေကို အောင်ပွဲ​ တစ်ခု​ အဖြစ် ကြွေးကြော်​ ဂုဏ်ပြု​ ခဲ့ကြသည်။ ယင်း​ ပြဌာန်းချက်ကြောင့် အာဂျင်တီးနားသည် လက်တင်​ အမေရိကတွင် ပထမဆုံး လိင်တူချင်း လက်ထပ်​ ခွင့်ပြုသည့် နိုင်ငံ​ ဖြစ်လာသည်။ ဥပဒေ ပြဌာန်း​ ပြီးနောက်ပိုင်း အာဂျင်တီးနားသို့ Gay​ ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု မြင့်တက်​ လာသလို တရားဝင် လက်ထပ်ခဲ့သူ Gay​ စုံတွဲ ၅၀၀ မျှထိ တိုးပွား​ လာကြောင်း သိရသည်။

ယခုချီတက်မှုတွင်လည်း Gay​ များ၏ အခွင့်အရေးအတွက် ကြွေးကြော်တောင်းဆိုမှုများ ပြုလုပ်ခဲ့သလို လိင်ပြောင်းလဲမှု ခံယူထားသူများကိုလည်း တန်းတူရည်တူ ဆက်ဆံရန် တောင်းဆိုခဲ့သည်။ အာဂျင်တီးနား အစိုးရသည် လွှတ်တော်အတွင်း မဲခွဲမှုဖြင့် လိင်တူချင်း တရားဝင်​ ထိမ်းမြားခွင့် ပေးခဲ့သော်လည်း နိုင်ငံအတွင်း ဥပဒေကို မနှစ်သက်သူများ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံအတွင်း ဩဇာကြီးမားသည့် ဘာသာရေး အဖွဲ့အစည်းဖြစ်သော ရိုမန်ကက်သလစ် ခရစ်ယာန် ကျောင်းတော်သည် ယင်းဥပဒေအား ပြင်းပြင်းထန်ထန် ကန့်ကွက်နေဆဲဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here