ကမ္ဘာ့ ဈေးအသက်သာဆုံး မိုဘိုင်းဖုန်း မိတ်ဆက်ပြသ

alt

Carphone Warehouse​ သည် ကမ္ဘာပေါ်တွင် ဈေး အသက်သာဆုံးဟု ဆိုနိုင်မည့် မိုဘိုင်းဖုန်း တစ်မျိုးကို မိတ်ဆက် ပြသလိုက်သည်။ ၉၉ ပဲနိဖြင့် အရစ်ကျ ဝယ်ယူနိုင်မည့် ဟန်းဆက်မှာ ပြင်သစ် နိုင်ငံတွင် ပြုလုပ်ခြင်း ဖြစ်ပြီး OT-209​ ဟု အမည်ပေးထားသည်။

ကိုယ်ထည်နေရာ အများစုမှာ ငွေရောင်ရှိသော ယင်းဖုန်းကို ၁၀ ပေါင်ဖြင့် ဈေးနှုန်း သတ်မှတ်ထားပြီး ခရစ်စမတ် ကာလတွင် စတင် ရောင်းချသွားရန် စီစဥ်ထားသည်။ Carphone Warehouse​ ၏ အမှုဆောင်ချုပ် ချားဒန်စတုန်းက နည်းပညာ မြင့်မား​ လာမှုသည် ဈေးနှုန်းများကို လျော့ကျ သွားစေ​ နိုင်ကြောင်း ယင်းဖုန်းက သက်သေ ဖြစ်လာမည်ဟု​ ဆိုသည်။ လေ့လာသူ အများစုကမူ ဖုန်းခေါ်ရုံ အပြင် အခြားသော Function​ များ ပါဝင်မှု အားနည်းသော ဖုန်းသည် ဗြိတိန်တွင် စိတ်ဝင်စားဖွယ် မရှိဘဲ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပိုမို​ ကိုက်ညီ​ နိုင်မည်ဟု သုံးသပ်​ ခဲ့သည်။ ၆၅ ဂရမ်သာလေးသော ဖုန်းသည် ဖုန်းခေါ်ဆိုမှုနှင့် Message​ ပေးပို့မှုများကို ဆောင်ရွက်​ နိုင်မည်​ ဖြစ်သည်။

ဖုန်းကို ၂ နာရီမျှ အားသွင်း​ ထားပါက Standby Time နာရီ ၄၀၀ ထိ ဘက်ထရီ သက်တမ်း ခံနေမည်ဟုလည်း သိရသည်။ ယင်းဖုန်းသည် Network​ အသီးသီးနှင့် လွယ်ကူစွာ ချိတ်ဆက်​ နိုင်ပြီး ဈေးနှုန်း​ သက်သာစွာဖြင့် ဝယ်ယူနိုင်ခြင်းကြောင့် လူကြိုက်များလာရန် မျှော်လင့်ကြောင်း ဒန်စတုန်းက Daily Mail​ သို့ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here