ပါကစ္စတန်နိုင်ငံ ဗလီတစ်ခုတွင် အသေခံဗုံးခွဲမှုဖြစ်ပွား

alt

ပါကစ္စတန်နိုင်ငံရှိ ဗလီ​ တစ်ခုကို အသေခံ ဗုံးခွဲမှုကြောင့် အနည်းဆုံး ၆၆ ဦး သေဆုံး​ ခဲ့ကြောင်း သိရသည်။ နိုင်ငံ အနောက်​ မြောက်ပိုင်းတွင် ဖြစ်ပွား​ ခဲ့သော အကြမ်းဖက်မှု​ သည် အာဖဂန် နစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက် တပ်ဖွဲ့များနှင့် ဆက်နွယ်​ နေမည်ဟု ပါကစ္စတန် အစိုးရက ယုံကြည်နေသည်။

စက်တင်ဘာလ​ နောက်ပိုင်း အကြီးမားဆုံး အကြမ်းဖက်မှု ဖြစ်လာသော ဗုံးခွဲမှုသည် နိုဝင်ဘာ ၅ ရက်နေ့က ဒါရာအဒမ်ခါးရှိ ဗလီတွင် လူအများ စုရုံး​ နေစဥ် ဖြစ်ပွားခဲ့ခြင်း​ ဟု သိရသည်။ ပေါက်ကွဲမှုနှင့်​ အတူ နေရာအနှံ့တွင် သွေးနှင့် အပျက်အစီးများ၊ မီးခိုးဖုံလုံးများသာ ကျန်ခဲ့ကြောင်း မျက်မြင်​ တစ်ဦး​ ဖြစ်သူ အသက် ၁၅ နှစ်အရွယ် မူဟစ်အူလာက​ ဆိုသည်။

ဆေးရုံမှ တာဝန်ရှိသူများက သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ် ၂ ဦး ပါ၀င်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဒဏ်ရာရသူ အမြောက်အမြား ရှိနေကြောင်းလည်း သိရသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ရှိကြောင်း မကြေညာသေးချေ။

စက်တင်ဘာလအတွင်းက ကွီတာရှိ ရှီးယိုက်မွတ်ဆလင် ဗလီတစ်ခုကို ဗုံးခွဲခဲ့ရာ လူ ၅၄ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here