အမေရိကန်သမ္မတ အိုဘားမား အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

alt

အမေရိကန် သမ္မတ ဘာရတ်​ အိုဘားမားသည် ၎င်း၏ အာရှ​ ခရီးစဥ် ပထမဆုံး နိုင်ငံ​ အဖြစ် အိန္ဒိယ​ သို့ နိုဝင်ဘာ ၆ ရက်နေ့က ဆိုက်​ ရောက်လာကြောင်း သိရသည်။ ကုန်သွယ်ရေးကို အဓိက ရည်ရွယ်​ အသားပေးသည့် သမ္မတ၏ ခရီးစဥ် တစိတ်​ တဒေသ​ အဖြစ် မွမ်ဘိုင်း​ လေဆိပ်သို့ ရောက်ရှိလာခြင်း​ ဖြစ်သည်။

သမ္မတ​ လေယာဥ် Air Force One​ သည် အိန္ဒိယ၏ စီးပွားရေး အချက်အချာ​ ဖြစ်သော မြို့တော်တွင် နေ့လယ်ပိုင်းက ဆိုက်ရောက်လာခြင်း​ ြ​ဖစ်သည်။ သမ္မတ အိုဘားမားနှင့်​ အတူ ဇနီးသည် မစ်ချယ်​ အိုဘားမားလည်း လိုက်ပါလာပြီး ၎င်းတို့ကို အိန္ဒိယ​ နိုင်ငံ​ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး တင်မိုသီ ရိုးမားနှင့် တာဝန်​ ရှိသူများက ကြိုဆို​ ခဲ့သည်။

အိုဘားမားသည် တက်ဂျ်မဟာ နန်းတော်​ ဟိုတယ်တွင် တည်းခိုမည်​ ဖြစ်ပြီး ၂၀၀၈ ခုနှစ် မွမ်ဘိုင်း​ အကြမ်းဖက်မှုကြီး​ အတွင်း အသက်ရှင် လွတ်မြောက်​ လာသူများနှင့် တွေ့ဆုံရန်လည်း စီစဥ်​ ထားသည်။ ထို့အပြင် အိန္ဒိယ အာဇာနည် ခေါင်းဆောင်ကြီး မဟတ္တမ​ ဂန္ဓီ၏ နေအိမ်သို့ သွားရောက်​ လည်ပတ်မည်​ ဖြစ်ပြီး နောက်ပိုင်းတွင် အမေရိကန်၊ အိန္ဒိယ ကုန်သွယ်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ​ ဆွေးနွေး​ သွားမည်​ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here