ကျူးဘားလေယာဉ်ပျက်ကျမှု လိုက်ပါလာသူအားလုံး သေဆုံး

alt

ကျူးဘားတွင် လေယာဥ်​ ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၆၈ ဦးလုံး သေဆုံး​ သွားပြီဟု ယူဆ​ ရကြောင်း သိရသည်။ ကျွန်း​ နိုင်ငံရှိ တောင်ထူ​ ထပ်ရာ အပိုင်းသို့ ပျက်ကျ​ ခဲ့သော နိုင်ငံပိုင် လေကြောင်းလိုင်း ကူဘာနာဒီ အေဗီဆီယွန်မှ လေယာဥ်သည်

အရှေ့ဖက်ရှိ ဆန်တီယေဂိုဒီကူဘာမှ မြို့တော် ဟာဗာနာသို့ ဦးတည် ပျံသန်းလာခြင်း ဖြစ်သည်။ စက်နှစ်လုံးတပ် ခရီးသည်တင် လေယာဥ်သည် နိုဝင်ဘာ ၅ ရက်နေ့က ဆန်တီစပီးတပ်သို့ အရောက်တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးများက ယခုအခါ လေယာဥ်ပျက်မှ အလောင်းများကို ရှာဖွေနေဆဲဖြစ်သည်။

လေယာဥ်ပေါ်တွင် ကျူးဘား နိုင်ငံသားများ အပါအဝင် မက္ကစီကို၊ အာဂျင်တီးနား၊ ဒတ်ချ်၊ ဂျာမန်၊ ဩဇီ၊ ပြင်သစ်၊ အီတာလျံ၊ စပိန်၊ ဗင်နီဇွဲလား၊ ဂျပန်နှင့် အာဖဂန်လူမျိုးများပါ လိုက်ပါလာကြောင်း သိရသည်။ ATR-72အမျိုးအစား လေယာဥ်​ ပျက်ကျမှုနှင့် ပတ်သက်ပြီး အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ ယင်း​ လေကြောင်းလိုင်းသည် ကျူးဘား၏ အရေးပါသော လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး တိုမက်​ မုန်တိုင်း တိုက်ခတ်ခဲ့မှုနှင့် ဆက်နွယ်​ နိုင်ကြောင်း လေ့လာ​ သူများကဆိုသည်။ ကျူးဘား​ အာဏာပိုင်များက လေကြောင်းနှင့် မီးရထားလိုင်းများကို မုန်တိုင်း​ ကာလ​ အတွင်း ပိတ်ထားကြောင်း ကြေညာခဲ့သေးသည်။

ယခင်က ကျူးဘားတွင် နောက်ဆုံးဖြစ်ခဲ့သော လေယာဥ်ပျက်ကျမှုမှာ ၂၀၀၂ ခုနှစ်၊ မတ်လကဖြစ်ပြီး ဆိုဗီယက်လုပ် လေယာဥ်တစ်စင်း ပျက်ကျမှုဖြစ်ပြီး နိုင်ငံခြားသား ၁၃ ဦးအပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here