နိုင်ငံတော်သမ္မတလောင်းအား​​ ​ကြံ့ဖွံ့ပါတီမှ​ လျာထား ပြီးပြီ

alt

မ​နက်​ဖန်​ကျင်း​ပ​တော့​မည့်​​ ရွေးကောက်ပွဲ အပြီး​ ပေါ်ပေါက်​ လာမည့် အစိုးရသစ်​ အတွက် နိုင်ငံတော် သမ္မတကို ပါတီ​ အနေဖြင့် လျာထားပြီး​ ဖြစ်ကြောင်း  ကြံ့ဖွံ့ပါတီမှ​ အတွင်းရေးမှူး ဦးဌေးဦးက အ​တည်​ပြု​ ပြောကြားခဲ့​​ကြောင်း​သိ​ရသည်။​

အောက်တိုဘာ ၂၇ရက်က ရန်ကုန်မြို့ ဗဟန်း​ မြို့နယ်ရှိ ပါတီ​ ဌာနချုပ် ရုံးတွင်​ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရိုက်တာ သတင်းဌာန သတင်းထောက် ဦးအောင်လှထွန်း မေးမြန်းခဲ့ရာ​ “မှန်ပါတယ်။ လျာထားပြီးသား ရှိပါတယ်။ ဒါတွေဟာ အခုပြောလို့ မသင့်တော်ဘူးလို့ ထင်ပါတယ်”ဟု ​ပြော​ဆို​ခဲ့​​ခြင်း​ ​​ဖြစ်​သည်​။​​

နိုင်ငံတော် သမ္မတကို သမ္မတရွေးချယ် တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်တင်မြှောက် မည်ဖြစ်ပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ရှိရာ ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယ သမ္မတတစ်ဦးစီးကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့က နိုင်ငံတော် သမ္မတလောင်းများ ဖြစ်သည့် ဒုတိယ သမ္မတသုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတ တစ်ဦးကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၃)နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အခန်းတွင် ဖော်ပြထားပြီး​​၊​​ ကြံ့ဖွံ့ပါတီသည် လက်ရှိအခြေအနေတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုတင်မဲ များကို အင်အားသုံး၍ ကောက်ယူနေကြောင်းလည်း​ စုံစမ်းသိရှိရသည်။​

မြန်မာတနိုင်ငံတဝန်း မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၂၉ သန်းရှိကြောင်း သိရှိကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပါတီဝင်အင်အား ခန့်မှန်း ၁၆​ သန်းမှ ၁၈သန်း အကြားရှိကြောင်း သိရသည်။

“သူတို့ပြောတဲ့ စကားတွေကို သေချာ ချတွက်ကြည့်မယ်ဆို ကြံ့ဖွံ့ပါတီကနေ ဝင်လူကပဲ ၁၆ သန်းကနေ ၁၈ သန်း။ ကျန်တဲ့ ပါတီတွေက တပါတီကို သန်းနဲ့ချီ မရှိဘူး။ ဒီမှာတင် သူ့ပါတီကို သူထည့်တာနဲ့တင် အနိုင်ရမှာက တခု၊ ကြံ့ဖွံ့ပါတီဝင် မဟုတ်ဘဲ စည်းရုံးလို့ ရလာမယ့် နေရာကတခု၊ ဒီလောက်နဲ့ တင် သေချာပေါက် နိုင်နေပြီ” ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက​ ပြောဆို​ခဲ့​သည်။

စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၇၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး​၊​​ ကြံ့ဖွံ့ပါတီမှ​ ​​၉၀%​ကျော်​ဖြစ်​ ​အ​ပြတ်​အ​သတ်​ ​အ​နိုင်​ရ​မည်​ဟု​​ မျှော်​မှန်း​ထား​ကာသည်​ဟု​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here