​ထောင်ကျအကျဉ်းသားအား လိင်ဆက်ဆံရန် တောင်းဆိုမှု ဖြင့် ဗြိတိန်အကျဉ်းထောင်ဝန်ထမ်း အမှုရင်ဆိုင်ရ

alt

ထောင်​ဒဏ်​တစ်​သက်​ ​ပြစ်​ဒဏ်​ခံ​ ​ရာ​ဇ​ဝတ်​သား​တစ်ဦး​အား​ ​လိင်​ဆက်​ဆံ​ရန်​ ​တောင်း​ဆို​စည်း​ရုံး​ခဲ့​သည်​ဆို​သော​ ​စွဲ​ချက်​အ​တွက်​ ​ဗြိ​တိန်​နိုင်ငံ​ရှိ​ ​အ​ကျဥ်း​ထောင်​ ​တာ​ဝန်​ရှိ​သူ​တစ်ဦး​မှာ​ ​အ​မှု​ရင်​ဆိုင်​နေ​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​အိမ်​ထောင်​သည်​ ​တစ်ဦး​ဖြစ်​သူ​ ​အ​သက်​ ​၃၁​ ​နှစ်​အ​ရွယ်​ ​အမ်​မာ​ဘတ်​သည်​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​ဒန်​နီ​မက်လန်​အား​ ​မ​လျော်​မ​ကန်​ ​စည်း​ရုံး​ခဲ့​သည်​ဆို​သော​ ​စွပ်​စွဲ​ချက်​အ​တွက်​ ​နို​ဝင်​ဘာ​ ​၃​ ​ရက်​နေ့​က​ ​လန်​ဒန်​တ​ရား​ရုံး​တွင်​ ​အ​မှု​ရင်​ဆိုင်​နေ​ရ​သည်​။​ ​မက်​လန်​သည်​ ​အ​သက်​ ​၁၆​ ​နှစ်​ရှိ​ ​ရှာ​ကီ​လက်​ ​တောင်း​ဆန်း​အား​ ​၂၀၀၈​ ​ခု​နှစ်​က​ ​သတ်​ဖြတ်​ခဲ့​သည့်​အ​တွက်​ ​ထောင်​တစ်သက်​ ​ချ​မှတ်​ခြင်း​ ​ခံ​ထား​ရ​သည်​။​ အိမ်​ထောင်​သည်​ ​တစ်ဦး​ဖြစ်​သူ​ ​အမ်​မာ​က​ ​သူ​မ​သည်​ ​တာ​ဝန်​ပိုင်း​ ​ပျက်​ကွက်​ပြီး​ ​အ​ကျဥ်း​သား​နှင့်​ ​လက်​ပွန်း​တ​တီး​ ​နေ​မိ​ကြောင်း​ ​ဝန်​ခံ​ထား​သော်​လည်း​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​ထိ​တွေ့​ဆ​က်​ဆံ​မှု​ ​မ​ရှိ​ခဲ့​ကြောင်း​ ​ငြင်း​ဆ​န်​ထား​သည်​။​

​မက်​လန်​က​မူ​ ​အမ်​မာ​သည်​ ​သူ​မ​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​တောင်း​ဆို​ခဲ့​ပြီး​ ​ယင်း​နှင့်​ ​က​လေး​ယူ​လို​သည်​ဟု​ပင်​ ​ပြော​ခဲ့​ကြောင်း​ ​အ​ခိုင်​အ​မာ​ ​ပြော​ဆို​ထား​သည်​။​ ​မက်​လန်​၏​ ​အ​ကျဥ်း​ခန်း​ကို​ ​ရှာ​ဖွေ​ရာ​တွင်​ ​ထောင်​၏​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​ဖြစ်​သော​ ​အမ်​မာ​၏​ ​အ​ပေါ်​ပိုင်း​ ​ဗ​လာ​ကျင်း​ဖြင့်​ ​ကိုယ်​ဟန်​ပြ​ထား​သော​ ​ပုံ​များ​ကို​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သ​ည်​။​

​မက်​လန်​သည်​ ​၂၀၀၉​ ​ခု​နှစ်​က​ ​ချ​မှတ်​ခဲ့​သော​ ​ပြစ်​ဒဏ်​အ​ရ​ ​အ​နည်း​ဆုံး​ ​၁၅​ ​နှစ်​မျှ​ ​ထောင်​ထဲ​တွင်​ ​လျှော့​ရက်​မ​ရှိ​ ​ပြစ်​ဒဏ်​ကျ​ခံ​ရ​မည်​ဖြစ်​သည်​။​ ​တောင်း​ဆန်း​အား​ ​ဓား​ဖြင့်​ ​၆​ ​ချက်​ထိုး​သတ်​မှု​အ​တွက်​ ​အ​လို​တူ​ ​အ​လို​ပါ​အ​ဖြစ်​ ​စွပ်​စွဲ​ခံ​ထား​ရ​သည့်​ ​အ​မျိုး​သ​မီး​ ​ဆ​မန်​သာ​ ​ဂျိုး​ဆက်​မှာ​လည်း​ ​ယင်း​ထောင်​ထဲ​တွင်​ပင်​ ​ပြစ်​ဒဏ်​ကျ​ခံ​နေ​ရ​ကြောင်း​ ​သိ​ရှိ​ရသည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here