​အဝတ်မပါသည့် အမျိုးသမီးများ အိမ်သန့်ရှင်းရေး လုပ်ပေးသည့် ဝန်ဆောင်မှု ချက်နိုင်ငံတွင် စတင်

alt

ချက်​သ​မ္မ​တ​ ​နိုင်ငံ​ရှိ​ Crazy​ Cleaners ​လုပ်ငန်း​သည်​ ​အ​ဝတ်​မ​ပါ​ ​ဗ​လာ​ကိုယ်​ထည်​ဖြင့်​ ​အိမ်သန့်​ရှင်း​ရေး​ ​လုပ်​ပေး​သော​ ​အ​မျိုး​သ​မီး​များ​အား​ ငှား​ရမ်း​ပေး​သည့်​ ​ဝန်​ဆောင်​မှု​ကို​ ​စ​တင်​နေ​ပြီ​ဖြစ်​သည်​။​

​အ​ကယ်၍​ ​ရွေး​ချယ်​လို​ပါ​က​ ​အ​တွင်း​ခံ​များ​ကို​သာ​ ​ဝတ်​ထား​သူ​၊​ ​အ​ပေါ်​ပိုင်း​သာ​ ​ဗ​လာ​ကျင်း​ထား​သူ​နှင့်​ ​လုံး​ဝ​ ​အ​ဝတ်​မ​ပါ​သူ​ ​အ​မျိုး​သ​မီး​များ​ကို​ ​စိတ်​ကြိုက်​ရွေး​ချယ်​နိုင်​မည်​ဖြစ်​သည်​။​ ​လုံး​ဝ​ ​အ​ဝတ်​မ​ပါ​သော​ ​အ​မျိုး​သ​မီး​များ​အ​တွက်​ ​တစ်​နာ​ရီ​လျင်​ ​ပေါင်​ ​၁၅၀​ ​ပေး​ကာ​ ငှား​ရမ်း​နိုင်​သည်​။​ ​ပ​ရက်​မြို့​ရှိ​ ချား​တ​က္က​သိုလ်​မှ​ ​ကျောင်း​သား​တစ်ဦး​က​ ​မည်​သူ​မျှ​ ​အိမ်​သန့်​ရှင်း​ခြင်း​ ​ရှိ​မ​ရှိ​ကို​ ​စိတ်​မ​ဝင်​စား​ဘဲ​ ​လှ​ပ​ကျော့​ရှင်း​သည့်​ ​ခ​န္ဓာ​ကိုယ်​နှင့်​ ​အ​လုပ်​လုပ်​နေ​သော​ ​အ​မျိုး​သ​မီး​များ​ကို​ ​ထိုင်​ကြည့်​ရန်​သာ​ ​စိတ်​ဝင်​စား​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​ကျောင်း​သူ​ကျောင်း​သား​ ​လူငယ်​များ​ ​ဖွဲ့​စည်း​ထား​သည့်​ Crazy​ Clean​ ​တွင်​ ​မူ​လ​က​ ​အ​မျိုး​သ​မီး​များ​ချည်း​ ​ဖွဲ့​စ​ည်း​ရန်​ ​စီ​စဥ်​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​အ​မျိုး​သား​၊​ ​အ​မျိုး​သ​မီး​ ​၁၅​ ဦး​ထိ​ ​ပါ​ဝင်​ပြီး​ ​အ​သက်​ ​၂၀​ ​ဝန်း​ကျင်​ ​အ​ရွယ်​များ​သာ​ဖြစ်​သည်​။​

​မိ​မိ​တို့​၏​ ​လုပ်ငန်း​သည်​ ​အ​လုပ်​ရှုပ်​လွန်း​သူ​များ​အ​တွက်​ ​စိတ်​အ​ပမ်း​ဖြေ​ရန်​ ​ဝန်​ဆောင်​မှု​တစ်​ခု​ဟု​ ​ယူ​ဆ​နိုင်​ကြောင်း​ ​အ​ဖွဲ့​ဝင်​ ​တစ်ဦး​က​ဆို​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ပြည့်​တန်​ဆာ​ ​အ​လုပ်​ကို​ ​လုံး​ဝ​မ​လုပ်​ကြောင်း​၊​ ​အိမ်​သန့်​ရှင်း​ရေး​ ​ဝန်​ဆောင်​မှု​ ​သတ်​သတ်​သာ​ဖြစ်​ကြောင်း​ ​ယင်း​က​ ​ရှင်း​ပြ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here