လိင်​ဆက်​ဆံ​ရန်​​ ​ငြင်း​ဆန်​သည့်​လူငယ်​တစ်ဦး​ Gay​ ​အ​ဖွဲ့​၏​ ​တိုက်​ခိုက်​ခံ​ရ

alt

Gayအဖွဲ့တစ်ခုက လိင်ဆက်ဆံရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည့် လူငယ်တစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်ဝမ်နိုင်ငံတွင် အသက် ၂၁ နှစ်ရှိ အမျိုးသား တစ်ဦးသည်

နိုဝင်ဘာ ၁ ရက်နေ့ နံနက်အစောပိုင်းက မော်တော်ဆိုင်ကယ်စီးပြီး အိမ်အပြန်တွင် ယခုလို ကြံုခဲ့ခြင်းဖြစ်သည်။ လျူဟုသာ အမည်ဖော်ပြသော အမျိုးသားသည် တိုင်နန်းရှိ သူငယ်ချင်းထံမှ ကိုဆလန်းရှိ နေအိမ်သို့အပြန် တိုင်နန်းဥယျာဥ်တွင် အိမ်သာဝင်ခဲ့သည်။ လျူသည် အိမ်သာမှ ပြန်အထွက်တွင် လူတစ်စု၏ ဝန်းရံပိတ်ဆို့ခြင်း ခံခဲ့ရသည်။ ယင်းတို့က လျူအား အတူတကွ လိင်ဆက်ဆံရန် တောင်းဆိုခဲ့ရာ လျူက ချက်ခြင်းငြင်းဆန်ခဲ့သည့်အတွက် ဒေါသတကြီး ဝိုင်းဝန်းထိုးကြိတ်ပြီး ထွက်ပြေးသွားကြသည်။

ထိုအခါမှ လျူသည် ရဲများအား ဖုန်းဆက်ကာ အကူအညီ တောင်းခံနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ယင်းကိစ္စအတွက် စုံစမ်းမှုများ ပြုလုပ်နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here