​အသက် ၆ နှစ်ကလေးပင်ဖြစ်စေ စွဲချက်တင်ခံရမည်ဟု နယူးယောက်မြို့ တရားရုံး သတ်မှတ်ကြေညာ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​၊​​ ​န​ယူး​ယောက်​မြို့​ ​တ​ရား​ရုံး​က​​ ​အ​သက်​ ​၆​ ​နှစ်​အ​ရွယ်​​ ​က​လေးငယ်​ပင်​ဖြစ်​စေ​၊​ ​တ​ရား​ရုံး​တွင်​ ​စွဲ​ချက်​တင်​ခံ​ရ​မည်​ဟု​ ​သတ်​မှတ်​ကြေ​ညာ​လိုက်​သည်​။​ ​ယင်း​သည်​ ​အဖွား​အို​ ​တစ်ဦး​ကို​ ​စက်​ဘီး​ဖြင့်​ ​တက်​နင်း​ခဲ့​သည့်​ ​မိန်း​က​လေး​တစ်ဦး​ကို​ ​အ​ကြောင်း​ပြု​ပြီး​ ​သတ်​မှတ်​လိုက်​ခြင်း​ဖြစ်​သည်​။​

​၂၀၀၉​ ​ခု​နှစ်​၊​ ဧ​ပြီ​လ​က​ ​ဂျူ​လီ​ယက်​ဘ​ရက်​မန်​နှင့်​ ​ဂျက်​ကော့​ခွန်း​တို့​သည်​ ​အ​သက်​ ​၈၇​ ​နှစ်​အ​ရွယ်​ က​လာ​ရာ​မန်​နာ​ကို​ ​သူ​မ​တို့​ ​အ​စီး​သင်​နေ​သည့်​ ​စက်​ဘီး​များ​ဖြင့်​ ​တက်​ကြိတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​ဖွား​အို​သည်​ ​ယင်း​အ​တွက်​ ​ခွဲ​စိတ်​မှု​ ​ခံ​ယူ​ခဲ့​ရ​ပြီး​ ​၃​ ​လ​အ​ကြာ​တွင်​ ​သေ​ဆုံး​ခဲ့​ရှာ​သည်​။​ ​နို​ဝင်​ဘာ​ ​၂​ ​ရက်​နေ့​က​ ​ကင်းစ်​ကောင်​တီ​ ​တ​ရား​ရုံး​မှ​ ​တ​ရား​သူ​ကြီး​ ​ပေါ​ဝူ​တန်​က​ ​က​လေးငယ်​ပင်​ ​ဖြစ်​လင့်​က​စား​ ဥ​ပ​ဒေ​ကြောင်း​အ​ရ​ ​အ​ရေး​ယူ​ရန်​ ​အ​ခွင့်​ရှိ​ရ​မည်​ဟု​ ​အ​တည်​ပြု​ကာ​ ​ဘ​ရက်​မန်​၏​ ​ရှေ့​နေ​များ​က​ ​အ​မှု​သည်​ ​မိန်း​က​လေး​သည်​ ​ပြစ်​မှု​ကျူး​လွန်​စဥ်​က​ ​အ​သက်​ ​၄​ ​နှစ်​သာ​ ​ရှိ​သေး​သ​ဖြင့်​ ​ခွဲ​ခြား​ဆင်​ခြင်​နိုင်​စွမ်း​ ​မ​ရှိ​သော​ကြောင့်​ ​အ​ရေး​မ​ယူ​ရန်​ ​တောင်း​ဆို​မှု​အား​ ​ပယ်​ချ​ခဲ့​သည်​။​

​တ​ရား​သူ​ကြီး​က​ ​မိ​ဘ​အုပ်​ထိန်း​မှု​ ​ရှိ​နေ​စေ​ကာ​မူ​ ​လက်​မ​ခံ​နိုင်​လောက်​အောင်​ ​ဆိုး​သွမ်း​သော​ ​အ​ကျင့်​ဗီ​ဇ​ ​ရှိ​နေ​ခြင်း​အ​တွက်​ ဥ​ပ​ဒေ​က​ ​ခွင့်​မ​ပြု​နိုင်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ဘ​ရက်​မန်​၏​ ​သူငယ်​ချင်း​ဖြစ်​သူ​ ​ခွန်း​မှာ​လည်း​ ​အ​လား​တူ​ ​အ​ရေး​ယူ​မှု​နှင့်​ ​ကြံု​တွေ့​ရ​ဖွယ်​ ​ရှိ​နေ​​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here