အစုလိုက် အပြုံလိုက် မွေးထားသည့် ခွေးများအား ရဲတပ်ဖွဲ့ ကယ်တင်ခဲ့ရ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​တွင်​ ​အိမ်​တစ်​လုံး​အ​တွင်း​ ​မွေး​ထား​သည့်​ ​ခွေး​ ​၁၀၃​ ​ကောင်​ကို​ ​ရဲ​များ​က​ ​ကယ်​တင်​ခဲ့​ရ​သည်​။​ ​နီ​ဘ​ရာ​စ​ကာ​ရှိ​ ​သေးငယ်​သော​ ​အိမ်​လေး​တစ်​ခု​တွင်​ ​အ​ဆို​ပါ​ ​အိမ်​မွေး​တိ​ရ​စ္ဆာန်​များ​ကို​ ​စု​ပြံု​မွေး​ထား​ပြီး​ ​အ​များ​စု​မှာ​ ​ကျန်း​မာ​ရေး​ ​မ​ကောင်း​ကြ​ရှာ​ချေ​။​

​နို​ဝင်​ဘာ​ ​၂​ ​ရက်​နေ့​တွင်​ ​ဒေ​သ​ခံ​ ​ရဲ​တပ်​ဖွဲ့​က​ ​နီ​ဘ​ရာ​စ​ကာ​တောင်​ပိုင်း​ ​ကော့​လ​န်း​ရှိ​ ​တစ်​ထပ်​တိုက်​လေး​ ​တစ်​ခု​အ​တွင်း​မှ​ ​ခွေး​များ​ကို​ ​ရှာ​ဖွေ​ကယ်​တင်​ခဲ့​ရ​သည်​။​ ​ယင်း​ခွေး​များ​သည်​ ​ပီ​ကင်း​ဂျီးစ်​၊​ ​ချီ​ဟွာ​ဟွာ​စ​သည့်​ ​အ​သေး​စား​ ​ခွေး​လေး​များ​ ​ဖြစ်​ကြ​ပြီး​ ​လမ်း​မ​လျှောက်​နိုင်​အောင်​ ​ချိ​နဲ့​နေ​သော​ ​အ​ကောင်​များ​၊​ ​မျက်​စိ​နှင့်​ ​အ​ရေ​ပြား​တို့​တွင်​ ​ရော​ဂါ​ဖြစ်​နေ​ရှာ​သော​ ​အ​ကောင်​များ​ ​ပါ​ဝင်​နေ​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​

​ရဲ​တပ်​ဖွဲ့​သ​ည်​ ​ခွေး​ပိုင်​ရှင်​ ​အ​မျိုး​သ​မီး​အား​ ​တိ​ရ​စ္ဆာန်​များ​ကို​ ​စောင့်​ရှောက်​ရန်​ ​ဝ​တ္တ​ရား​ ​ပျက်​ကွက်​မှု​ဖြင့်​ ​စွဲ​ချက်​တင်​မည်​ဖြစ်​သော်​လည်း​ ​အ​မျိုး​သ​မီး​က​ ​သူ​မ​သည်​ ​ခွေး​များ​ကို​ ကယ်​တင်​ထား​ခြင်း​သာ​ဖြစ်​ကြောင်း​ ​ကာ​ကွယ်​ပြော​ဆို​ထား​သည်​။​ ​ခွေး​အ​များ​စု​ကို​ ​ဟူ​မိန်း​အို​မာ​ဟာ​ ​တိ​ရ​စ္ဆာန်​ ​စောင့်​ရှောက်​ရေး​စ​ခန်း​သို့​ ​ပို့​ဆောင်​ပေး​လိုက်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here