​တရုတ်နိုင်ငံတွင် ကျငး်ပသည့် မယ်ကမ္ဘာရွေးပွဲတွင် အမေရိကန်ဆယ်ကျော်သက် သရဖူဆွတ်ခူး

alt

အ​မေ​ရိ​ကန်​​ ​ဆယ်​ကျော်​သက်​ ​မိန်း​က​လေး​တစ်ဦး​သည်​​ ​တ​ရုတ်​နိုင်ငံ​၊​ ​ဟိုင်​နန်​တွင်​​ ​ကျင်း​ပ​သည့်​ ​မယ်​က​မ္ဘာ​ရွေး​ပွဲ​အ​တွင်း​​ ​သ​ရ​ဖူ​ ​ဆွတ်​ခူး​ရ​ရှိ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​တ​စ်​ဝှမ်း​မှ​ ​အ​လှ​မယ်​ပေါင်း​ ​၁၀၀​ ​ကျော်​ ​ပါ​ဝင်​ယှဥ်​ပြိုင်​သည့်​ ​နောက်​ဆုံး​အ​ဆင့်​ ​ပြိုင်​ပွဲ​တွင်​ ​

အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​အ​လက်​ဇန်​ဒ​ရီး​ယား​မေးလ်​က​ ​အ​နိုင်​ရ​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​နောက်​ဆုံး​ဆန်​ခါ​တင်​အ​ဆင့်​ထိ​ ​တက်​လာ​သူ​များ​တွင်​ ​တ​ရုတ်​၊​ ​အ​မေ​ရိ​ကန်​၊​ ​ဘော့​ဆွာ​နာ​၊​ ​ဗင်​နီ​ဇွဲ​လား​နှင့်​ ​အိုင်​ယာ​လန်​တို့​မှ​ ​အ​လှ​မယ်​များ​ ​ပါ​ဝင်​သည်​။​ ​မယ်​က​မ္ဘာ​ဆု​ကို​ ​မေးလ်​က​ ​ရ​ရှိ​ခဲ့​ပြီး​ ​ဒု​တိ​ယ​နေ​ရာ​တွင်​မူ​ ​ဘော့​ဆွာ​နာ​မယ်​ ​အမ်​မာ​ ​ဝါး​ရီး​ယက်​၊​ ​တ​တိ​ယ​နေ​ရာ​တွင်​ ​ဗင်​နီ​ဇွဲ​လား​ ​အ​လှ​မယ်​ ​အက်​ဒ​ရီ​ယန်​ဗက်​ဆီ​နီ​တို့​က​ ​အ​သီး​သီး​ ​ရပ်​တည်​ခဲ့​သည်​။​ ​အိမ်​ရှင်​အ​ဖြစ်​ ​လက်​ခံ​ကျင်း​ပ​သည့်​ ​တ​ရုတ်​နိုင်ငံ​မှ​ ​ကိုယ်​စား​ပြု​ ​အ​လှ​မယ်​ ​တန်​ဇီ​ယို​မှာ​ ​နောက်​ဆုံး​အ​ဆင့်​ ​၅​ ဦး​စာ​ရင်း​ဖြင့်​သာ​ ​ကျေ​နပ်​ခဲ့​ရ​သည်​။​ ​မေးလ်​က​ ​သူ​မ​အတွက်​ ​အိပ်​မက်​များ​ ​အ​မှန်​တ​ကယ်​ ​ဖြစ်​လာ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ယ​ခု​ကဲ့​သို့​ ​ပြိုင်​ပွဲ​တွင်​ ​အ​နိုင်​ရ​မှု​ကို​ ​မ​ယုံ​နာိင်​အောင်​ ​ဖြစ်​နေ​ကြောင်း​လည်း​ ​သူ​မ​က​ဆို​သည်​။​

​ပြိုင်​ပွဲ​ဝင်​များ​သည်​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​တစ်​လ​မျှ​ ​နေ​ထိုင်​ကာ​ ​ယှဥ်​ပြိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​များ​ ​စိတ်​ဝင်​စား​ရာ​ ​ဟိုင်​နန်​ကျွန်း​တွင်​ ​ယ​ခု​ပြိုင်​ပွဲ​ ​ကျင်း​ပ​ခြင်း​သည်​ ​နောက်​ဆုံး​ ​၈​ ​နှစ်​တွင်​ ​၅​ ​ကြိမ်​မြောက်​ဖြစ်​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here