တိဘက်ဒေသတွင် ပထမဆုံး အဆင့်မြင့် ဇိမ်ခံ ဟိုတယ် ဖွင့်လှစ်

alt

တ​ရုတ်​နိုင်ငံ​ရှိ​​ ​က​မ္ဘာ့​ခေါင်​မိုး​ဟု​​ ​တင်​စား​ခေါ်​ဝေါ်​သော​ ​တိ​ဘက်​ဒေ​သ​တွင်​ ​ပ​ထ​မ​ဆုံး​ ​အ​ဆင့်​မြင့်​ ​ဇိမ်​ခံ​ဟို​တယ်​ကြီး​တစ်​လုံး​ ​ဖွင့်​လှစ်​လိုက်​ပြီ​ဖြစ်​သည်​။​ ​နိုင်ငံ​အ​နောက်​တောင်​ပိုင်း​ရှိ​ ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ ​ဒေ​သ​၏​ ​မြို့​တော်​ဖြစ်​သော​ ​လာ​ဆာ​တွင်​ ​

စိန့်​ရီ​ဂစ်​လာ​ဆာ​ ​ဟို​တယ်​ကြီး​ကို​ ​နို​ဝင်​ဘာ​ ​၁​ ​ရက်​နေ့​က​ ​ဖွင့်​လှစ်​ခဲ့​ရာ​ ​ယင်း​သည်​ ​တိ​ဘက်​ဒေ​သ​ ​တစ်​ခု​လုံး​၏​ ​ပ​ထ​မ​ဆုံး​ ​အ​ပြည်​ပြည်​ဆိုင်​ရာ​ ​အ​ဆင့်​မီ​ ​ဟို​တယ်​ကြီး​ ​ဖြစ်​လာ​သည်​။​ ​သ​ဘာ​ဝ​ ​ပတ်​ဝန်း​ကျင်​ ​ထိန်း​သိမ်း​မှု​ ​စံ​နှုန်း​များ​နှင့်​ ​လိုက်​လျော​ညီ​ထွေ​ ​ဖွင့်​လှစ်​ထား​သော​ ​ဟို​တယ်​ကြီး​မှာ​ ​စ​တု​ရန်း​ ​ကီ​လို​မီ​တာ​ ​၃၂၀၀၀​ ​နီး​ပါး​မျှ​ ​ကျယ်​ဝန်း​သည်​။​

​ဟို​တယ်​တွင်​ ​မြေ​အောက်​အ​ပူ​ရှိန်​နှင့်​ ​နေ​ရောင်​ခြည်​တို့​မှ​ ​ရ​ရှိ​သော​ ​စွမ်း​အင်​ကို​ ​အ​ဓိ​က​ ​သုံး​စွဲ​ထား​ပြီး​ ​ဒီ​ဇယ်​ဆီ​စွမ်း​အင်​ ​သုံး​စွဲ​မှု​ကို​ ​လျှော့​ချ​ထား​သည်​။​ ​လာ​ဆာ​တွင်​ ​နောက်​ထပ်​ ​ဇိမ်​ခံ​ဟို​တယ်​ကြီး​များ​အ​ဖြစ်​ ​ရှန်​ဂ​ရီ​လာ​ဟို​တယ်​နှင့်​ ​အင်​တာ​ကွန်​တီ​နင်​တယ်​ ​ဟို​တယ်​များ​အား​ ​ဆောက်​လုပ်​နေ​ဆဲ​ဖြစ်​သ​ဝည်​။​ ​လူဦး​ရေ​ ​၅.​၈​ ​သန်း​ရှိ​သော​ ​တိ​ဘက်​ဒေ​သ​သည်​ ​တ​ရုတ်​နိုင်ငံ​၏​ ​အ​စွန်​အ​ဖျား​ကျ​သော​ ​အ​ရပ်​တွင်​ ​တည်​ရှိ​ပြီး​ ​ဖွံ့​ဖြိုး​မှု​ပိုင်း​ ​အ​တန်ငယ်​ ​အား​နည်း​သည့်​တိုင်​ ​က​မ္ဘာ​လှည့်​ခ​ရီး​သည်​များ​အ​တွက်​ ​ဆွဲ​ဆောင်​နိုင်​မှု​ ​အ​ရှိ​ဆုံး​ ​နေ​ရာ​တစ်​ခု​အ​ဖြစ်​ ​ထင်​ရှား​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here