အမေရိကန်သမ္မတဖြစ်ချင်ကြောင်း Rap အဆိုတော် Jay-Z ပြောကြား

alt

Rap ​ဂီ​တ​ ​အ​ဆို​တော်​ Jay-Z​​ က​ ၎င်း​သည်​ ​တစ်​နေ့​နေ့​တွင်​ ​အ​မေ​ရိ​ကန်​အ​တွက်​ ​အ​ကြီး​ကျယ်​ဆုံး​ ​အ​လုပ်​ကို​ ​ရ​ယူ​လို​ကြောင်း​ ​ပြော​ကြား​လိုက်​သည်​။​ ​နာ​မည်​ကျော်​ R&B​ ​အ​ဆို​တော်​ ​ဘီ​ယွ​န်း​ဆေး​၏​ ​ခင်​ပွန်း​သည်​က​ ၎င်း​သည်​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဖြစ်​ခွင့်​ရ​ချင်​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​

​မိ​မိ​အား​ ​အ​ခွင့်​အ​ရေး​ ​ပေး​ပါ​က​ ​၈​ ​နှစ်​အ​တွင်း​ ​သ​မ္မ​တ​ ​ဖြစ်​လာ​အောင်​ ​ကြိုး​စား​ပြ​မည်​ဟု​ Jay-Z​ က​ဆို​သည်​။​ ၎င်း​က​ ​လက်​ရှိ​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​နှင့်​မူ​ ​မ​ယှဥ်​ပြိုင်​လို​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​မိ​မိ​သာ​ ​သ​မ္မ​တ​ ​ဖြစ်​လာ​ပါက​ ​ဇ​နီး​သည်​ ​ဘီ​ယွန်း​ဆေး​သည်​ ​သ​မ္မ​တ​ ​က​တော်​အ​နေ​နှင့်​ ​အ​လွန်​ကျက်​သ​ရေ​ ​ရှိ​မည်​ဟု​လည်း​ Jay-Z​ က​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​ ​အ​မည်​ရင်း​ ​ရှောင်​ကာ​တာ​ဖြစ်​သော​ Hip​ Hop​ ဂီ​တ​ ​ထိပ်​တန်း​နာ​မည်​ကျော်​ ​ပု​ဂ္ဂိုလ်​သည်​ မိ​မိ​အ​နေ​နှင့်​ ​ဂီ​တ​သ​မား​ ​တစ်ဦး​ထက်​ ​နိုင်ငံ​ခေါင်း​ဆောင်​ ​တစ်ဦး​အ​ဖြစ်​ ​မော်​ကွန်း​ဝင်​ရန်​ ​စိတ်​ကူး​ယဥ်​မိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။

​ ၎င်း​က​ ​နိုင်ငံ​ရေး​လော​က​တွင်​ ​အ​စဥ်​တ​စိုက်​ ​ရပ်​တည်​ခဲ့​ခြင်း​ ​မ​ရှိ​ခြင်း​သည်​ ​သ​မ္မ​တ​ ​တစ်ဦး​အ​နေ​နှင့်​ ​အ​ရေး​ပါ​လှ​သည်​ဟု​ ​မ​ယူ​ဆ​ကြောင်း​၊​ ​အ​မေ​ရိ​ကန်​သည်​ ​သ​မ္မ​တ​တစ်ဦး​ကို​ ​နိုင်ငံ​ရေး​သ​မား​ ​တစ်ဦး​ထက်​ ​ခေါင်း​ဆောင်​ကောင်း​ ​တစ်ဦး​ကို​သာ​ ​အ​လို​ရှိ​မည်​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here