ဥရောပခေါင်းဆောင်များထံ ဦးတည်သည့် ပါဆယ်ဗုံးများ ဂရိသံရုံးသို့ ရောက်ရှိလာ

alt

ဂ​ရိ​နိုင်ငံ​သည်​ ​သံ​ရုံး​များ​သို့​ ​ရောက်​လာ​သည့်​ ​ပါ​ဆယ်​ဗုံး​များ​ ​ကိ​စ္စ​အ​တွက်​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​ရန်​ ​နိုင်ငံ​၏​ ​ပြည်​ပ​သို့​ ​ပါ​ဆယ်​ပို့​သည့်​ ​ဝန်​ဆောင်​မှု​ကို​ ​နှစ်​ရက်​ကြာ​ ​ဆိုင်းငံ့​ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​နို​ဝင်​ဘာ​ ​၁​ ​ရက်​နေ့​မှ​ ​၃​ ​ရက်​နေ့​အ​တွင်း​ ​အေ​သင်​မြို့ှ​ရှိ​ ​သံ​ရုံး​ ​၁၁​ ​ခု​သို့​ ​ပါ​ဆယ်​ဗုံး​များ​ ​ရောက်​လာ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ပါ​ဆယ်​ဗုံး​များ​ကို​ ​ဘူ​ဂေး​ရီး​ယား​၊​ ​ရု​ရှား​၊​ ​ဂျာ​မန်​၊​ ​ဆွစ်​၊​ ​မ​က္က​စီ​ကို​၊​ ​ချီ​လီ​၊​ ​ဒတ်​ချ်​နှင့်​ ​ဘယ်​ဂျီ​ယံ​စ​သော​ ​သံ​ရုံး​များ​သို့​ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဂ​ရိ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​သည်​ ​နိုင်ငံ​အ​တွင်း​ရှိ​ ​အ​စွန်း​ရောက်​ ​ဝါ​ဒီ​အ​ချို့​အား​ ​ရှာ​ဖွေ​ဖမ်း​ဆီး​ခြင်း​များ​ ​ပြု​လုပ်​ခဲ့​သည်​။​

​ပါ​ဆယ်​ဗုံး​ ​ကိ​စ္စ​သည်​ ​ထို​မျှ​နှင့်​ ​မ​ပြီး​သေး​ဘဲ​ ဥ​ရော​ပ​ ​အင်​အား​ကြီး​ ​နိုင်ငံ​ဝန်​ကြီး​ချုပ်​များ​ဖြစ်​သည့်​ ​ပြင်​သစ်​မှ​ ​နီ​ကို​လက်​ဆာ​ကို​ဇီ​၊​ ​ဂျာ​မ​နီ​မှ​ ​အိန်​ဂျယ်​လာ​မာ​ကယ်​နှင့်​ ​အီ​တ​လီ​မှ​ ​ဆီ​ဗီ​ယို​ဘာ​လူ​စ​ကို​နီ​တို့​ထံ​သို့​ပါ​ ​လိပ်​မူ​ပေး​ပို့​ခဲ့​သေး​သည်​။​ ​အီ​တ​လီ​ ​ဝန်​ကြီး​ချုပ်​ ​ဘာ​လူ​စ​ကို​နီ​ထံ​ ​ပေး​ပို့​သော​ ​ဗုံး​ကို​ ​ပို့​ဆောင်​ရေး​ ​လေ​ယာဥ်​ပေါ်​တွင်​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​ပြီး​နောက်​ ​ဘို​လော့​နာ​တွင်​ ​လေ​ယာဥ်​အ​ရေး​ပေါ်​ ​ဆင်း​သက်​ကာ​ ​ဗုံး​ဖြုတ်​ခဲ့​ရ​သည်​။​ ​ယ​ခု​ဗုံး​များ​ကို​ ​မည်​သည့်​အ​ဖွဲ့​အ​စည်း​က​ ​ပေး​ပို့​ကြောင်း​ ​မ​သိ​ရ​သေး​သော်​လည်း​ ​နောက်​ကွယ်​တွင်​ ​အို​စ​မာ​ ​ဘင်​လာ​ဒင်​​ ဦး​ဆောင်​သည့်​ ​အယ်​ကေး​ဒါး​ ​အ​ကြမ်း​ဖက်​အ​ဖွဲ့​ ​ရှိ​နေ​နိုင်​ကြောင်း​ ​တာ​ဝန်ရှိ​သူ​များ​က​ ​ခန့်​မှန်း​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here