ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် ရေကြီးမှုများဖြစ်ပွား

alt

ထိုင်း​နိုင်ငံ​နှင့်​ ​မ​လေး​ရှား​ ​နိုင်ငံ​များ​တွင်​ ​ရေ​ကြီး​မှု​များ​ ​တွေ့​ကြံု​နေ​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ထိုင်း​တောင်​ပိုင်း​နှင့်​ ​မ​လေး​ရှား​ ​မြောက်​ပိုင်း​တို့​တွင်​ ​ဖြစ်​ပေါ်​နေ​သော​ ​ရေ​ကြီး​မှု​များ​ကြောင့်​ ​အ​ချို့​နေ​ရာ​များ​တွင်​ ​အ​ဆက်​အ​သွယ်​ ​ပြတ်​တောက်​လျက်​ရှိ​သည်​။​

​ထိုင်း​နိုင်ငံ​ ​ဟတ်​ယိုင်း​တွင်​ ​ကား​များ​ပါ​ ​ရေ​နစ်​ကုန်​ပြီး​ ​ဓာတ်​အား​လိုင်း​များ​လည်း​ ​ပျက်​စီး​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​မ​လေး​ရှား​ ​မြောက်​ပိုင်း​တွင်​လည်း​ ​လူ​ပေါင်း​ ​၂၈၀၀၀​ ​ကျော်​တို့​ကို​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​သ​လို​ ​ပြေး​လမ်း​ကို​ ​ရေ​လ​ွှမ်း​သွား​သည့်​ ​လေ​ဆိပ်​တစ်​ခု​ကို​လည်း​ ​ပိတ်​လိုက်​ရ​သည်​။​ ​ပြီး​ခဲ့​သည့်​လ​က​တည်း​က​ ​မိုး​သည်း​ထန်​စွာ​ ​ရွာ​သွန်း​မှု​များ​ကြောင့်​ ​ယ​ခု​လို​ ​ရေ​ကြီး​မှု​များ​ ​ဖြစ်​ပေါ်​လာ​ခဲ့​ပြီး​ ​အောက်​တို​ဘာ​လ​က​ ​ထိုင်း​တစ်​နိုင်ငံ​ထဲ​တွင်​ ​လူ​ ​၁၀၀​ ​ကျော်​မျှ​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို​ဒေ​သ​များ​ရှိ​ ​အ​ချို့​နေ​ရာ​များ​တွင်​ ​ရေ​အ​မြင့်​သည်​ ​၁၀​ ​ပေ​ထိ​ ​ရှိ​နေ​ပြီး​ ​လမ်း​များ​အား​လုံး​ ​ရေ​အောက်​ရောက်​နေ​ကြောင်း​ ​သ​တင်း​များ​က​ဆို​သည်​။​ ​

ထိုင်း​အ​စိုး​ရ​သည်​ ​ကယ်​ဆယ်​ရေး​အ​တွက်​ ​စစ်​သား​များ​ကို​ ​စေ​လွှတ်​ပေး​ခဲ့​ပြီး​ ​ဟတ်​ယိုင်း​တွင်​ ​ရ​ဟတ်​ယာဥ်​များ​ဖြင့်​ ​သောင်​တင်​နေ​သူ​များ​ကို​ ​ရှာ​ဖွေ​က​ယ်​တင်​ခဲ့​ရ​သည်​။​ ​မ​လေး​ရှား​မြောက်​ပိုင်း​ ​ပါ​လစ်​နှင့်​ ​ကီ​ဒါ​တို့​တွင်​လည်း​ ​ကယ်​ဆယ်​ရေး​ ​လုပ်ငန်း​များ​ ​ဆောင်​ရွက်​နေ​ရ​သည်​။​ ​ပါ​လစ်​ဒေ​သ​ ​အုပ်​ချုပ်​ရေး​မှူး​ ​မို​ဟာ​မက်​ ​အိုင်​ဆာ​ဆာဘူ​က​ ​ရေ​ကြီး​မှု​များ​မှာ​ ​အ​လွန်​ဆိုး​ရွား​လှ​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ ​လေ​ဆိပ်​ပိတ်​ထား​ရ​သည့်​ ​ကီ​ဒါ​တွင်​ ​အ​နည်း​ဆုံး​ ​၁​ ဦး​သေ​ပြီး​ ​၁​ ဦး​ပျောက်​ဆုံး​နေ​ကြောင်း​ ​သိ​ရ​သ​ည်​။​ ​ထိုင်း​အာ​ဏာ​ပိုင်​များ​သည်​လည်း​ ​နာ​မည်​ကျော်​ ​အ​ပမ်း​ဖြေ​ကျွန်း​ ​ကို​ဆာ​မူလ်​ရှိ​ ​လေ​ဆိပ်​ကို​ ​နိုဝင်​ဘာ​ ​၂​ ​ရက်​နေ့​က​ ​ပိတ်​ခဲ့​ရ​သော်​လည်း​ ​နောက်​တစ်​နေ့​တွင်​ ​ပြန်​ဖွင့်​ပေး​ခဲ့​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here