​စ​ပိန်​တွင်​ ​အ​သက်​ ​၁၀​ ​နှစ်​ အ​ရွယ်​ မိန်​း​က​လေး​မှ ​က​လေး​မွေး​ဖွား​ခြင်း​အား​ စုံ​စမ်း​စစ်​ဆေး​နေ

alt

စပိန်​ နိုင်ငံတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေး​ တစ်ဦး ကလေး​ မွေးခြင်း​ အတွက် အာဏာပိုင်များက စစ်ဆေး​ စုံစမ်းမှုများ ပြုနေကြသည်။ နိုင်ငံတောင်ပိုင်း ဂျီရက်ဒီလာ ဖလော်ရန်တာ​ မြို့တွင်

ကလေးငယ်ကို ပြီးခဲ့သည့် သီတင်းပါတ်က ချောမောစွာ မွေးဖွား​ နိုင်ခဲ့ ကြောင်း ဒေသ​ ဆိုင်ရာ လူမှုရေး ဦးစီးဌာန အကြီးအကဲ မာဆီလာ နာဗာရိုက​ ဆိုသည်။

လက်ရှိတွင် ကလေးငယ်ကို မိန်းကလေး၏ မိသားစု​ ကပင် ထိန်းသိမ်း​ ထားပြီး ရဲဌာနက မိသားစုဝင်များကို စစ်ဆေး​ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နာဗာရိုက ကလေး​ အဖေ​ ဖြစ်သူသည်လည်း အလွန်​ ငယ်သေးကြောင်း ပြောကြား​ ခဲ့သည်။ လက်ရှိတွင် ကလေးရော၊ မိခင်ပါ ကျန်းမာ​ လျက်ရှိသည်။ ကလေး​ အချင်းချင်း လိင်​ ဆက်ဆံမှု အပါအဝင် အခြားသော အသေးစိတ် အချက်​ အလက်များနှင့် ပတ်သက်ပြီး သတင်း​ ထုတ်ပြန်ရန်မူ နာဗာရိုက ငြင်းဆို​ သွားသည်။ စပိန်​ သတင်းစာ အချို့က ကလေး​ အမေ ဖြစ်လာသူ မိန်းကလေးသည် ရိုမေးနီးယား ဇာတိဖွား​ ဖြစ်ကြောင်းနှင့် ကလေး​ မလေးအား ပြုစု​ ပေးခဲ့သည့် သူနာပြုများက ထိုကလေး​ မလေးသည် မိမိ၏ ဇာတိ​ နိုင်ငံတွင် ထိုသို့ ငယ်ငယ်ရွယ်ရွယ် ကလေးမွေးမှုမှာ သမား​ ရိုးကျ ဖြစ်စဥ်​ တစ်ခုဟု ပြောကြား​ ခဲ့ကြောင်း ရေးသား​ ဖော်ပြ​ ထားသည်။

ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူများက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်တွင် ကိုယ်ဝန်ဆောင် ကလေးမွေးခြင်းသည် ထိုသို့ ဆက်လက်ဖွံ့ဖြိုးမှုအတွက် ကြီးကြီးမားမား အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။ ထို့အပြင် ဆယ်ကျော်သက် အရွယ်များသည် လမစေ့ဘဲ ကလေးမွေးခြင်းမျိုး ပိုမိုအဖြစ်များပြီး မွေးဖွားသော ကလေးသည်လည်း တစ်နှစ်မပြည့်မီ သေဆုံးလောက်အောင် ချူချာတတ်သည့် ရာခိုင်နှုန်းများကြောင်း ရှင်းလင်းပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here