​တောင်​ကို​ရီး​ယား​သား​တို့​​ ​တောင့်​တင်း​သည့်​​ ခန္ဓာကိုယ်​အ​ချိုး​အ​စားနှင့်​ ​အ​မျိုး​သ​မီး​များ​ကို​လည်း​ ​နှစ်​သက်

alt

တောင်ကိုရီးယား၏ အချောဆုံး အလှဆုံးဟု သတ်မှတ် နိုင်သည့် ရုပ်ရှင် မင်းသမီးများ၊ မော်ဒယ် များသည် ပိန်ပိန် သွယ်သွယ် ခန္ဓာကိုယ် အချိုးအစား ရှိသူများသာ ဖြစ်ကြသည်။

သို့သော်လည်း ရင်သား ကြီးကြီး၊ တောင့်တောင့် ဖြောင့်ဖြောင့်ကိုမှ မက်မောသူ တောင် ကိုရီးယားသား အမြောက် အမြား ရှိနေ သေးကြောင်း လာရီဆာ ရီကွယ်မီးက သက်သေ ပြခဲ့သည်။ ၂၀၁၀ တောင်အာဖရိက၊ ကမ္ဘာ့ဖလား ကာလ အတွင်း မိခင်နိုင်ငံ ပါရာဂွေးကို အူလှိုက် သည်းလှိုက် အားပေးရာမှ ကမ္ဘာသိ မော်ဒယ် ဖြစ်လာသူ ပါရာဂွေး အလှမယ် ရီကွယ်မီးသည် ပြီးခဲ့သည့်လက တောင်ကိုရီးယား Matchmaking အေဂျင်စီ တစ်ခု ဖြစ်သည့် Sunoo​ နှင့် ချိတ်ဆက် ခဲ့ပြီးနောက် သူမနှင့် ကိုက်ညီမည့် အမျိုးသားကို ရှာဖွေခဲ့ရာ ရီကွယ်မီးနှင့် တွေ့ဆုံ လိုကြောင်း ပြန်ကြားလာသူ ၁၆၀၀ နီးနီး ရှိခဲ့သည်။ အောက်တိုဘာ လကုန် အထိ ရီကွယ်မီးကို တွေ့ဆုံလိုကြောင်း ပြန်ကြားလာသူ အမျိုးသား ၁၅၉၂ ဦး ရှိပြီး အသက် ၁၈ နှစ်မှ ၄၄ နှစ်ကြား အရွယ်များ ဖြစ်ကြောင်း Sunoo ကဆိုသည်။

အလုပ်အကိုင်အားဖြင့်၊ ကျောင်းဆရာ၊ ပြည်သူ့လုပ်သား၊ အဓိက ကော်ပိုရေးရှင်းကြီးများမှ ဝန်ထမ်းများအပြင် ရဲများပင် ပါဝင်ကြောင်း သိရသည်။ အသက် ၂၅ နှစ်ရှိ မော်ဒယ်နှင့် ချိတ်လိုကြောင်း ဆက်သွယ်လာသူများတွင် မက္ကစီကို၊ ပီရူးနှင့် ဗင်နီဇွဲလား နိုင်ငံများမှလည်း ပါဝင်ကြောင်း Sunoo က ကြေညာခဲ့သည်။ Sunoo သည် လျှောက်ထားလာသူများအနက် အယောက် ၁၀၀ ကို ရွေးချယ်ကာ ရီကွယ်မီးထံသို့ ပေးပို့ပေးရမည်ဖြစ်ပြီး ကံထူးသူကို ပါရာဂွေး အလှမယ်က ဆုံးဖြတ်ရွေးချယ်မည်ဖြစ်သည်။ ရီကွယ်မီးသည် သူမ၏ အဓိက ဘာသာစကားဖြစ်သော စပိန်ဘာသာကို တတ်ကျွမ်းသူ ဖြစ်ရမည်ဟူသော အချက်ကိုမူ မဖြစ်မနေ လိုအပ်ချက်အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။ သူမသည် ပါရာဂွေးအသင်း ကမ္ဘာ့ဖလား ရပါက အဝတ်အစားမပါဘဲ မြို့ထဲတွင် ပြေးပြမည်ဟု ကမ္ဘာသိ ပြောဆိုခဲ့မှုကြောင့် ပိုမိုနာမည်ကြီးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here