မြေ​အောက်​တွင်​​ ​ပိတ်​မိ​ခဲ့​သည့်​​ ​ချီ​လီ​မိုင်း​တွင်း​လုပ်​သား​ ​မာ​ရ​သွန်​အ​ပြေး​ပြိုင်​ပွဲ​ ​ဝင်​ရောက်​ယှဥ်​ပြိုင်​မည်

alt

ချီလီနိုင်ငံ မိုင်းတွင်းပြိုကျမှုကြောင့် ၂ လကျော်မျှ မြေအောက်တွင် ပိတ်မိ နေခဲ့စဥ် ဥမင်များအတွင်း ပုံမှန် အပြေးလေ့ကျင့်ခဲ့သူ ချီလီ မိုင်းတွင်း လုပ်သားသည် အမေရိကန် နိုင်ငံ၊ နယူးယောက် မြို့တွင် ကျင်းပ မည့် မာရသွန် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင် မည်ဟု သိရသည်။

ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံများက အက်ဒီဆင်ပီနာအား နိုဝင်ဘာ ရ ရက်နေ့ ပြိုင်ပွဲတွင် ပါဝင်ရန် ဖိတ်ကြားခဲ့ရာ ၎င်း၏ တက်တက် ကြွကြွ သဘောတူ ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လက မြေအနက် ပေ ၂၀၀၀ ကျော်မှ လွတ်မြောက် လာသော ပီနာ တစ်ယောက် ပြိုင်ပွဲတွင် ပါဝင်ရန် ရာခိုင်နှုန်းပြည့် သေချာကြောင်း နယူးယောက် မာရသွန် ပြိုင်ပွဲ ကျင်းပရေး အဖွဲ့ ဥက္ကဋ္ဌ မေရီဝစ်တာဘက်ကဆိုသည်။ လက်ရှိတွင် ၎င်းတို့သည် ပီနာ တစ်ယောက် အမေရိကန်သို့ လာရောက်ရေး စီစဥ် ပေးနေပြီး ၎င်းအား ဂုဏ်ပြုဆုတစ်ခု ပေးအပ်ရန်လည်း ရည်ရွယ်ထားသည်။

ပီနာသည် ဩဂုတ်လ ၅ ရက်နေ့ မိုင်းတွင်းပြိုကျပြီးနောက် ၆၉ ရက်လုံးလုံး မြေအောက်ပိတ်မိနေသူ မိုင်းအလုပ်သမား ၃၃ ဦး​ အနက်မှ ၁ ဦးဖြစ်သည်။ ပီနာကို မူလက လေ့လာသူအဖြစ် ဖိတ်ကြားခဲ့သော်လည်း ကိုယ်တိုင်ဝင်ပြေးချင်ကြောင်း အရေးဆိုခဲ့သဖြင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့က ဝမ်းမြောက်ဝမ်းသာ ထည့်သွင်းပေးခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here