ပြ​ည့်​တန်​ဆာ​အ​ဖြစ်​​ ​အ​တင်း​အ​ကြပ်​စေ​ခိုင်း​သည့်​ အ​ဖွဲ့​တစ်​ဖွဲ့အား​​ ​တ​ရုတ်​ရဲ​တပ်​ဖွဲ့​​ ​ဖော်​ထုတ်​ဖမ်း​ဆီး

alt

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ရဲတပ်ဖွဲ့သည် အမျိုးသမီးများကို အတင်းအကြပ် ပြည့်တန်ဆာ ဘဝ သွပ်သွင်း နေသည့် အ​​ဖွဲ့ တစ်ဖွဲ့ကို ဖော်ထုတ် ဖမ်းဆီး လိုက်နိုင်ကြောင်း သိရသည်။

အသက် ၃၂ နှစ်ရှိ ဇီဇူဘင်ဆိုသူ အမျိုးသားသည် သတင်းစာများတွင် အသေးစား ကြော်ငြာများဖြင့် အလုပ် ခေါ်စာထည့်ပြီးနောက် လူတွေ့ လာရောက် စစ်ဆေးခံသော မိန်းကလေးများကို ကိုယ်တိုင်​ မုဒိမ်း​ ကျင့်ပြီး ဗီဒီယို ရိုက်ထားသည်။ ထို့နောက် ယင်းကို​ ပြကာ ခြိမ်းခြောက်ပြီး ရေချိုးခန်းများ၊ ကာရာအိုကေ​ ခန်းများနှင့် အနှိပ်​ ခန်းများတွင် ပြည့်တန်ဆာ​ အဖြစ် လုပ်ကိုင်​ စေခဲ့သည်။ ဇီနှင့် ချစ်သူဖြစ်သော နူဇီလင်းတို့သည် ဇီ၏ ထောင်ချောက်တွင်း သက်ဆင်း​ ခဲ့ရသည့် မိန်းကလေး ၁၀၀ ကျော်​ တို့ရှေ့တွင် ကိုယ်တိုင်​ လိင်​ ဆက်ဆံ​ ပြကြကာ လက်တွေ့​ သင်တန်း​ ပေးခဲ့ကြောင်း​ လည်း သိရသည်။ ဇီတို့​ စုံတွဲသည် အမျိုးသမီးများအား လိင်​ လုပ်သား​ အဖြစ် သွပ်သွင်းရာတွင် ကျွမ်းကျင်မှု ရှိမရှိ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ပြီး ယင်းကို Hooker Test​ ဟု အမည်​ ပေးထားသည်။ ယင်းတို့သည် မိန်းကလေးများ၏ လိင်ဖျော်ဖြေမှုမှ တစ်လလျင် ယွမ်ငွေ ငါးသိန်းကျော်မျှ ပြန်လည်​ ရရှိနေခဲ့သည်။ ယခုအခါ သဲလွန်စများကို ခြေရာခံ ရှာဖွေပြီးနောက် ဇီနှင့် လျူတို့​ အပါအဝင် ပြည့်တန်ဆာ​ လုပ်ငန်းနှင့် ချိတ်ဆက်ထားသူ ၂၀ မျှကို ရဲတပ်ဖွဲ့က ဖမ်းဆီး​ ထားပြီးဖြစ်သည်။

မြူနီစပယ် ပြည်သူ့လုံခြံုရေးဗြူရိုမှ ပြောရေးဆိုခွင့်ရ အရာရှိ ဇူဇီဒေါင်းက အမျိုးသမီးအချို့ လွတ်မြောက်လာပြီး ရဲကိုသတင်းပေးရာမှ ယခုလို ဖမ်းဆီးနိုင်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။ တရုတ်နိင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းမှာ တရားဝင် လုပ်ကိုင်ခွင့် မရှိသော်လည်း အနှိပ်ခန်းများ၊ အများသုံးရေချိုးကန်များနှင့် ကာရာအိုကေဘားကဲ့သို့ နေရာများတွင် လိင်အလုပ်အကျွေးပြုသူများ ကျက်စားနေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here