အင်ဒိုနီးရှားတွင် မီရာပီမီးတောင် ထပ်မံပေါက်ကွဲပြန်

alt

အင်​ဒို​နီး​ရှား​နိုင်ငံ​ရှိ​ ​မီး​တောင်​ကြီး​ ​မီ​ရာ​ပီ​သည်​ ​နို​ဝင်​ဘာ​ ​၃​ ​ရက်​နေ့​က​ ​ထပ်​မံ​ပေါက်​ကွဲ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဆူ​နာ​မီ​ ​ရေ​လှိုင်း​များ​ ​ရိုက်​ခတ်​မှု​ကို​ ​မ​ကြာ​သေး​မီ​ကမှ​ ​ခံ​စား​ ထား​ရ​သော​ ​အ​ရှေ့​တောင်​အာ​ရှ​ ​နိုင်ငံ​အ​တွက်​ ​မီ​ရာ​ပီ​သည်​ ​ပို​မို​ကြီး​မား​သော​ ​သ​ဘာ​ဝဘေး​အ​န္တ​ရာယ်​ ​ထိုး​နှက်​ချက်​ ​ဖြစ်​လာ​စေ​ခဲ့​သည်​။​

​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ပေါက်​ကွဲ​မှု​များ​ ​ဖြစ်​ပေါ်​နေ​သော​ ​မီ​ရာ​ပီ​ ​မီး​တောင်​ရပ်​ဝန်း​ ​ဒေ​သ​အ​နီး​မှ​ ​လူ​ပေါင်း​ ​၇၀၀၀၀​ ​ကျော်​ကို​ ​အာ​ဏာ​ပိုင်​များ​က​ ​ရွှေ့​ပြောင်း​ပေး​ထား​ပြီး​ဖြစ်​သည်​။​ ​နောက်​ဆုံး​ပေါက်​ကွဲ​ချိန်​တွင်​ ​အ​နီး​အ​နား​ရှိ​ ​လူ​နေ​ဒေ​သ​များ​ကို​ ​အ​ရေး​ပေါ်​ ​ရွှေ့​ပြောင်း​ထား​ပြီး​ ​ဖြစ်​သော​ကြောင့်​ ​အ​သေ​အ​ပျောက်​ ​သ​တင်း​ပေး​ပို့​ချက်​ ​မ​ရ​ရှိ​ကြောင်း​ ​တာ​ဝန်​ရှိ​သူ​များ​က​ဆို​သည်​။​ ​မီး​တောင်​ပေါက်​ကွဲ​သည့်​ ​အ​ရှိန်​ကြောင့်​ ​ချော်​ပြာ​များ​နှင့်​ ​ကျောက်​စ​ ကျောက်​န​များ​သည်​ ​မီ​တာ​ထောင်​နှင့်​ချီ​ ​မြင့်​တက်​ခဲ့​ပြီး​ ​မီး​တောင်​တိမ်​တိုက်​များ​ ​ဖြစ်​ပေါ်​စေ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

​မီး​တောင်​ပြာ​များ​ ​ပိတ်​ဖုံး​နေပြီး​နောက်​ ​ယို​ဂျာ​ကာ​တာ​နှင့်​ ​ဆို​လို​ရှိ​ ​လေ​ဆိပ်​ များ​ကို​ ​ပိတ်​ထား​ခဲ့​ရ​ကြောင်း​ ​လေ​ကြောင်း​ထိန်း​သိမ်း​ရေး​ ​ဌာ​န​က​ ​ကြေ​ညာ​သည်​။​ ​လူဦး​ရေ​ ​၂၃၅​ ​သန်း​ရှိ​သော​ ​နိုင်ငံ​သည်​ င​လျင်​လှုပ်​ခြင်း​နှင့်​ ​မီး​တောင်​ပေါက်​ကွဲ​ခြင်း​များ​ကို​ ​မ​ကြာ​ခ​ဏ​ ​ကြံု​တွေ့​ ခဲ့​ရ​သည်​။​ ​လက်​ရှိ​ကြံု​ထား​ရ​သည့်​ ​သ​ဘာ​၀​ ​ဘေး​အ​န္တ​ရာယ်​ ​နှစ်​ခု​ကြောင့်​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​မှ​ ​၄၇၀​ ​မျှ​ ​ရှိ​ခဲ့​ကြောင်း​လည်း​ ​အာ​ဏာ​ပိုင်​များ​က​ ​ခန့်​မှန်း​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here