Discovery အာကာသလွန်းပျံယာဉ် လွှတ်တင်ရန် NASA ခွင့်ပြုလိုက်ပြီဖြစ်

alt

အ​မေ​ရိ​ကန်​ ​အ​မျိုး​သား​ ​အာ​ကာ​သ​ ​အေ​ဂျင်​စီ​ (NASA) သည်​ Discovery​ ​လွန်း​ပျံ​ယာဥ်​ ​လွှတ်​တင်​ရေး​အ​တွက်​ ​မီး​စိမ်း​ပြ​ ​ခွင့်​ပြု​ပေး​လိုက်​ပြီ​ဖြစ်​သည်​။​ ​လွန်း​ပျံ​ယာဥ်​ ​လွှတ်​ တင်​ခါ​နီး​တွင်​ ​လျှပ်​စစ်​ဓာတ်​အား​စ​နစ်​ ​ချွတ်​ယွင်း​မှု​အ​ချို့​ ဖြစ်​ပေါ်​ခဲ့​သ​ဖြင့်​

​ဆိုင်းငံ့​ခဲ့​ရ​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​အ​သေး​စိတ်​ ​လေ့​လာ​ပြင်​ဆင်​မှု​များ​ ​ပြု​လုပ်​ပြီး​ဖြစ်​သ​ဖြင့်​ ​လွှတ်​တင်​ရန်​ ​အ​ဆင်​သင့်​ ​ဖြစ်​ နေ​ပြီ​ဟု​ NASA​​ က​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​

​နို​ဝင်​ဘာ​ ​၄​ ​ရက်​နေ့​ ​နံ​နက်​အ​စော​ပိုင်း​က​ ​ဆွေး​နွေး​မှု​များ​ ​ပြု​လုပ်​ပြီး​နောက်​ ​ရာ​သီဥ​တု​ကို​ ​လေ့​လာ​ပြီး​ ​လွှတ်​တင်​ရန်​ ​ကိ​စ္စ​ကို​ ​အ​ပြီး​သတ်​ ​ဆုံး​ဖြတ်​သွား​ မည်​ဟု​ သိ​ရ​သည်​။​ ​ရာ​သီဥ​တု​ ​ကောင်း​မွန်​ပါ​က​ ​နို​ဝင်​ဘာ​ ​၄​ ​ရက်​နေ့​တွင်​ ​၃​ ​နာ​ရီ​ကြာ​ ​လုပ်​ဆောင်​ရ​မည့်​ ​ဆီ​ဖြည့်​လုပ်ငန်း​ကို​ ​စ​တင်​မည်​ဖြစ်​သည်​။​ ​မူ​လ​က​ ​နို​ဝင်​ဘာ​ ​၁​ ​ရက်​နေ့​တွင်​ လွှတ်​တင်​ရန်​ ​ စီ​စဥ်​ထား​သော​ ​လွန်း​ပျံ​ယာဥ်​သည်​ ​အ​ဆင်​မ​ပြေ​မှု​များ​ကြောင့်​ ​နှစ်​ကြိမ်​တိုင်​ ​ရွှေ့​ဆိုင်း​ခဲ့​ရ​သည်​။​ ​လွန်း​ပျံ​ယာဥ်​တွင်​ ​အာ​ကာ​သ​အ​တွင်း​ ​တာ​ဝန်​ထမ်း​ဆောင်​မည့်​ ​ပ​ထမ​ဆုံး​ ​လူ​တူ​စက်​ရုပ်​ဖြစ်​သည့်​ Robonaut​ 2​ ​ကို​ ​သယ်​ဆောင်​သွား​မည်​ဖြစ်​သည်​။​

​နိုင်ငံ​တ​ကာ​ ​အာ​ကာ​သ​စ​ခန်း​ ISS​ တွင်​ ​လို​အပ်​သော​ ​ပြင်​ဆင်​ဖြည့်​စွက်​မှု​များ​ ​ပြု​လုပ်​ရန်​ ​အာ​ကာ​သ​အ​တွင်း​ ​နှစ်​ကြိမ်​လမ်း​လျှောက်​မှု​ ​ပြု​လုပ်​ မည်​ဖြစ်​သည်​။​ ​အ​မေ​ရိ​ကန်​သည်​ ​လက်​ရှိ​သုံး​စွဲ​နေ​သည့်​ Atlantic​၊​ Endeavour​ ​နှင့်​ Discovery​ တို့​ကို​ ​ဖေ​ဖော်​ဝါ​ရီ​လ​မ​တိုင်​မီ​ ​နောက်​ဆုံး​ဖြုတ်​သိမ်း​ကာ​ ​ပြ​တိုက်​တွင်​သာ​ ​ထားရှိ​တော့​မည်​ဖြစ်​သည်​။​ ​ယင်း​အ​စား​ ​ခေတ်​မီ​နည်း​ပ​ညာ​သုံး​ ​အာ​ကာ​သ​ ​လွန်း​ပျံ​ယာဥ်​ ​အ​သစ်​များ​ကို​ ​အ​စား​ထိုး​ ​သုံး​စွဲ​သွား​မည်​ဖြစ်​​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here