​အ​ရက်​မူး​ပြီး​​ ​ခြ​င်္သေ့​လှောင်အိမ်​ထဲ​ဝင်​သွား​သည့်​​ ​အရက်​ဘား​မန်​နေ​ဂျာ

alt

တောင်အာဖရိက နိုင်ငံမှ အရက်ဘား မန်နေဂျာ တစ်ဦးသည် မူးမူးနှင့် ခြင်္သေ့လှောင်အိမ်ထဲ ဝင်သွားရာ အရှင်လတ်လတ် ခြင်္သေ့ အစား ခံလိုက်ရကြောင်း သိရသည်။ အသက် ၃၀ အရွယ်ရှိ ဂျန်ဖရက်ဒရစ် ဘရန်ဒါဟန်သည် ခြင်္သေ့ လှောင်အိမ် ကို ကျော်တက် ရန် ကြိုးစားစဥ်

ခြင်္သေ့များ က ခြေထောက်မှ ဆွဲချကာ အပိုင်းပိုင်း အစစ ဖြစ်အောင် ကိုက်ခဲ ဝါးမြိုခဲ့ကြောင်း ရဲများက ယူဆ လျက်ရှိသည်။

ကမ္ဘာလှည့် ခရီးသည် ဗက်စချူလာ ဟာဆင်က ကြောက်မက်ဖွယ် သားစားသတ္တဝါများသည် လူသေကောင် အလောင်း တစ်ခုကို ကိုက်ဝါး နေသည်ကို အောက်တိုဘာ ၃၁ ရက်နေ့က တွေ့ရှိ ခဲ့ပြီးနောက် ရဲများအား အကြောင်းကြားခဲ့သည်။ ပို့အဲလိဇဘက် အနီး အာဒို မိကျောင်းနှင့် ခြင်္သေ့ စခန်းသိ့ သွားရောက်ခဲ့သူ ဗက်စချူလာက သူမတို့သည် ကြောက်မက်ဖွယ် မြင်ကွင်းအား တွေ့ရှိခဲ့ပြီးနောက် ထွက်ပြေး ခဲ့ကြကြောင်း၊ ခြင်္သေ့ကြီး တစ်ကောင်သည် အလောင်းမှ ထွက်နေသော နံရိုးကို ကိုက်ဝါး လျက ်ရှိကြောင်း ပြောကြား သွားသည်။

သဘာဝ ဥယျာဥ် တစ်ခုဖြစ်သော အာဒိုစခန်း၏ပိုင်ရှင် ဂျွန်နီဂျန်ဆန်ဗန်ရန်းဘက်သည် ခြင်္သေ့များကို ပစ်သတ်ခဲ့ရပြီး ရဲများသည် ကျန်ရှိသော လူသားရုပ်ကြွင်းကို စုဆောင်းယူခဲ့ရသည်။ ဂျန်ဆန်ဗန်ရန်းမှာ ယင်းဥယျာဥ်၏ လုပ်ပိုင်ခွင့်ကို ဝယ်ယူခဲ့သည်မှာ ၂ ပါတ်မျှသာ ရှိသေးသည်။ သေဆုံးသူ ဘရန်ဒါဟန်၏ မိတ်ဆွေများက ၎င်းသည် ထိုနေ့ မတိုင်မီ တစ်ညလုံး အရက်မူးအောင် သောက်နေခဲ့ပြီး အပျော်လွန်နေကြောင်း ထွက်ဆို ခဲ့သည်။ ရဲများက ဘရန်ဒါဟန်သည် ခြေထောက်မှ တရွတ်ဆွဲယူခြင်း ခံခဲ့ရပြီး သေသည်အထိ ကိုက်ဖြတ်မှုများ ကြံုခဲ့ခြင်းဟု ယူဆရကြောင်း ပြောဆို သွားသည်။

ဥယျာဥ်တွင် ခြင်္သေ့များကြောင့် လူသေဆုံးမှုသည် ယခုတစ်ကြိမ်မှာ ဒုတိယမြောက်ဖြစ်ပြီး ယခင်ဥယျာဥ်ပိုင်ရှင် လော်ရန်ဗန်စထရက်တန်သည် ၂၀၀၅ ခုနှစ်က ခြင်္သေ့တစ်ကောင် ခေါင်းကိုကုတ်ဖဲ့မှုကို ခံရပြီး ရက်ပိုင်းအကြာတွင် ဦးနှောက်ပျက်စီးမှုဒဏ်ကြောင့် သေဆုံးခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here