အီရတ်တွင် ဖြစ်ပွားခဲ့သည့် ခရစ်ယာန်ဘုရားကျောင်း စီးနင်းတိုက်ခိုက်မှု သေဆုံးသူ ၈၅ ဦးထိရှိလာ

alt

အီ​ရတ်​နိုင်ငံ​တွင်​​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ခ​ရစ်​ယာန်​​ ​ဘု​ရား​ကျောင်း​ ​စီး​နင်း​တိုက်​ခိုက်​မှု​အ​တွင်း​​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​သည်​​ ​၅၈​ ဦး​ထိ​ ​မြင့်​တက်​လာ​ကြောင်း​​ ​သိ​ရ​သည်​။​

​ပြည်​ထဲ​ရေး​​ ​ဝန်​ကြီး​ဌာ​န​နှင့်​​ ​နီး​စပ်​သူ​များ​က​ ​အောက်​တို​ဘာ​ ​၃၁​ ​ရက်​နေ့​ ​ကာ​ရာ​ဒါ​ရှိ​ ​ဘု​ရား​ကျောင်း​အား​ ​စီး​နင်း​တိုက်​ခိုက်​မှု​တွင်​ ​သေ​ဆုံး​ခဲ့​သူ​ ဦး​ရေ​သည်​ ​မူ​လ​ခန့်​မှန်း​သည်​ထက်​ များ​ပြား​ပြီး​ ​ဒဏ်​ရာ​ရ​သူ​ ​၇၅​ ဦး​ထက်​မ​နည်း​ ​ရှိ​နိင်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​စီး​နင်း​သိမ်း​ပိုက်​ထား​သော​ ​ဘု​ရား​ကျောင်း​ကို​ ​စစ်​တပ်​နှင့်​ရဲ​များ​က​ ​ပြန်​လည်​သိမ်း​ယူ​ရန်​ ​ကြိုး​ပမ်း​ခဲ့​သော​ ​ပ​ဋိ​ပ​က္ခ​ ​ တိုက်​ပွဲ​အ​တွင်း​ ​အ​ရပ်​သား​ ​၄၃​ ဦး​သေ​ဆုံး​ခဲ့​ရာ​ ​အ​များ​စု​မှာ​ ​အ​မျိုး​သ​မီး​နှင့်​ ​က​လေး​များ​ဖြစ်​သည်​။​ ​

လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​ဝင်​ ​၁၀​ ဦး​နှင့်​ ​အ​ကြမ်း​ဖက်​ ​သေ​နတ်​သ​မား​ ​၅​ ဦး​တို့​လည်း​ ​သေ​ဆုံး​သူ​ ​စာ​ရင်း​ တွင်​ ​ပါ​ဝင်​လာ​ခဲ့​သည်​။​ ​သေ​နတ်​သ​မား​များ​သည်​ ​လက်​ပစ်​ဗုံး​များ​၊​ ​ဖောက်​ခွဲ​ရေး​ကိ​ရိ​ယာ​များ​၊​ ​ချေ​မှုန်း​ရေး​ ​ရိုင်​ဖယ်​များ​ကို​ ​ကိုင်​ဆောင်​ကာ​ ​အ​တင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သ​လို​ ​အီ​ရတ်​လုံ​ခြံု​ရေး​ ​ တပ်​ဖွဲ့​များ​အ​နီး​ရှိ​ ​ကား​တစ်​စင်း​ကို​ပါ​ ​ဗုံး​ထောင်​ဖောက်​ခွဲ​ပစ်​ခဲ့​သ​ည်​။​ ​အ​ပြီး​သတ်​ ​တိုက်​ပွဲ​တွင်​ ​လုံ​ခြံု​ရေး​တပ်​ဖွဲ့​ဝင်​ ​၁၅​ ဦး​ ​ဒဏ်​ရာ​ရ​ခဲ့​သ​လို​ ​အ​ကြမ်း​ဖက်​သ​မား​ဟု​ ​သံ​သ​ယ​ရှိ​သူ​ ​၈​ ဦး​ကို​လည်း​ ​ဖမ်း​ ဆီး​ထား​ခဲ့​သည်​။​ ​အ​ကြမ်း​ဖက်​သ​မား​များသည်​ ​ဓား​စာ​ခံ​များ​ကို​ ​၃​ ​နာ​ရီ​မျှ​ကြာ​အောင်​ ​ထိန်း​သိမ်း​ထား​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​အီ​ရတ်​အ​စိုး​ရ​က​ ​မည်​သည့်​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​အ​စည်း​၏​ ​လက်​ချက်​ဆို​သည်​ကို​ ​ထုတ်​ပြန်​ကြေ​ညာ​ခြင်း​ ​မ​ရှိ​သေး​ကြောင်း​ ​သတင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here