ဒူ​ဘိုင်း​တွင်​​ ​စွန့်​စား​ခန်း​များ​​ ​ပြု​လုပ်​နေ​သည့်​​ ​တွမ်​ခ​ရုစ်

alt

ဟောလီးဝုဒ် မင်းသား တွမ်ခရုစ် တစ်ယောက် ဒူဘိုင်းတွင် စွန့်စားခန်းများ ပြုလုပ် နေရပြီ ဖြစ်သည်။ ကမ္ဘာ့ အမြင့်ဆုံး မျှော်စင် ဖြစ်သော ဘတ်ဂျ်ခါလီဖာ မျှော်စင်ကြီးတွင် ကြိုးများ ဆိုင်းပြီး လေထဲ တန်းလန်း ဖြစ်နေသော Top Gun​ စတား၏ ပုံကို သတင်းဌာနများက ဖော်ပြခဲ့သည်။

မိုင်ဝက် နီးပါး အမြင့်ရှိ မျှော်စင်ကြီး၏ တစ်ဝက်ခန့် နေရာတွင် ခရုစ်မှ လေထဲ တန်းလန်း ဖြစ်နေ ခြင်းသည် ယင်း၏ နောက်ဆုံး Mission Impossible ဇာတ်ကား အတွက် သရုပ်ဆောင်နေခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁ ရက်နေ့က မျှော်စင်ကြီး၏ သံမဏိဘောင်နှင့် ဖန်သား ပြူတင်းပေါက် ကိုယ်ထည်ရှေ့တွင် ခရုစ် တစ်ယောက် ခြေကားယား လက်ကားယား ဖြစ်နေပုံကို ဒူဘိုင်း ဒေသခံများက တွေ့မြင်ခဲ့ရသည်။

Ghost Protocol ဟု အမည်ပေးထားသော Mission Impossible ဇာတ်ကားသစ်ကို ဒူဘိုင်းအပြင် ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားတို့တွင်လည်း သွားရောက် ရိုက်ကူးမည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားသစ်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ရုံတင်သွားဖွယ် ရှိနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here