အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု အနည်းဆုံး ၃၈ ဦးသေဆုံး

alt

အင်​ဒို​နီး​ရှား​နိုင်ငံတွင်​​ ​မကြာ​သေး​မီ​က​ ​စ​တင်​လှုပ်​ရှား​နေ​သည့်​​ ​မီး​တောင်​ကြီး​ ​ပေါက်​ကွဲ​ခဲ့​ရာ​​ ​အ​နည်း​ဆုံး​ ​လူ​ ​၃၈​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ဂျာ​ဗား​က​ျွန်း​​ ​အ​လယ်​ပိုင်း​ရှိ​ ​၂၉၆၈​ ​မီ​တာ​မြင့်​သော​ ​မာ​ရာ​ပီ​မီး​တောင်​သည်​ နို​ဝင်​ဘာ​ ​၁​ ​ရက်​နေ့​က

​ ​ပေါက်​ကွဲ​ခဲ့​ရာ​ ​မီး​တောင်​မှ​ ​တွန်း​ကန်​ထွက်​ပေါ်​လာ​သော​ ​ဓာတ်​ငွေ့​များ​သည်​ ​၇​ ​ကီ​လို​မီ​တာ​ ​အ​ကွာ​အ​ဝေး​ထိ​ ​ရောက်​ရှိ​ခဲ့​ ကြောင်း​ ​သိ​ရ​သည်​။

​အာ​ဏာ​ပိုင်​များ​က​ ​လူ​ပေါင်း​ ​ခု​နစ်​သောင်း​ကျော်​ကို​ ​ဘေး​လွတ်​ရာ​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​ပြီး​ ​ဂျာ​ဗား​အ​လယ်​ပိုင်း​ဒေ​သ​တွင်​ ​နေ​ထိုင်​သူ​ ​နောက်​ထပ်​ ငါး​ သောင်း​နီး​ပါး​ကို​လည်း​ ​ဆက်​လက်​ရွှေ့​ပြေင်း​ပေး​ရန်​ ​စီ​စဥ်​လျက်​ရှိ​သည်​။​ ​မာ​ရာ​ပီ​မီး​တောင်​သည်​ ​အောက်​တို​ဘာ​ ​၂၆​ ​ရက်​နေ့​က​ ​စ​တင်​လှုပ်​ရှား​မှု​ ​လ​က္ခ​ဏာ​များ​ ​ပြ​သ​လာ​ခဲ့​ပြီး​ ​နို​ဝင်​ဘာ​ ​၁​ ​ရက်​ နေ့​တွင်​ ​နှစ်​ကြိမ်​ဆက်​ ​ပေါက်​ကွဲ​ခဲ့​သည်​။​ ​ယင်း​သည်​ ​အင်​ဒို​နီး​ရှား​နိုင်ငံ​၏​ ​မ​ငြိမ်​သက်​ဆုံး​ ​မီး​တောင်​တစ်​ခု​ဖြစ်​သည်​။​

​အ​ရှေ့​တောင်​အာ​ရှ​ ​ဒေ​သ​ရှိ​ ​နိုင်ငံ​သည်​ ​ပ​စိ​ဖိတ်​မီး​ကွင်း​ဒေ​သ​တွင်​ ​တည်​ရှိ​နေ​ပြီး​ ​လှုပ်​ရှား​နေ​ဆဲ​ ​မီး​တောင်​ပေါင်း​ ​၁၂၉​ ​ခု​ထိ​ ​ရှိ​နေ​သည်​။​ ​မာ​ရာ​ပီ​မီး​တောင်​သည်​ ​၂၀၀၆​ ​ခု​နှစ်​က​ ​ပေါက်​ကွဲ​ခဲ့​ဖူး​ပြီး​ ​ထို​စဥ်​က​ ​လူ​ ​၂​ ဦး​ ​သေ​ဆုံး​ခဲ့​သည်​။​ ​ယင်း​မီး​တောင်​သည်​ ​၁၉၉၄​ ​ခု​နှစ်​က​ ​ပေါက်​ ကွဲ​စဥ်​ ​လူ​ ​၆၀​ ​သေ​ဆုံး​ခဲ့​သ​လို​ ​၁၉၃၀​ ​ပြည့်​နှစ်​က​ ​တစ်​ကြိမ်​ပေါက်​ကွဲ​စဥ်​တွင်​မူ​ ​လူ​ ​၁၀၀၀​ ​ကျော်​ ​အ​သက်​ဆုံး​ရှုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here