ဆားပမာဏ​​ ​လျှော့​ချ​စား​သုံး​ခြင်း​က​ ​နှ​လုံး​ကျန်း​မာ​ရေး​အ​တွက်​ ​ကောင်း​မွန်

alt

နေ့စဥ် စားသုံးသော အစားအသောက်မှ ဆား ပမာဏကို လျှော့ချ ခြင်းသည် ရေရှည်တွင် နှလုံး ကျန်းမာရေး အတွက် ကောင်းမွန်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ဆား ဓာတ်ကို လျှော့စား ခြင်းသည် သေ စေလောက်အောင် ပြင်းထန်သော နှလုံး ရောဂါများ ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းမျှ လျှော့ချ ပေးနိုင်ပြီး အသင့်စားမုန့်များ၊ ဆန်းဒွစ်များ၊ အာလူးကြော်ကဲ့သို့ သရေစာများတွင် ဆားထည့်ခြင်းကို တားမြစ်မည် ဆိုလျင် နှစ်စဥ် အသက်ပေါင်း များစွာကို ကယ်တင် နိုင်မည်ဟု သုတေသီများက ရှင်းလင်း ပြောဆိုခဲ့သည်။ ဩစတြေးလျ နိုင်ငံတွင် ပြုလုပ်သော သုတေသန ရလဒ် တစ်ခုက အစားအသောက်နှင့် ဆိုင်သော စည်းမျဥ်း အချို့ကို ပြောင်းလဲ လိုက်ပါက ကျန်းမာရေး လုပ်ဆောင်ချက်များတွင် အဆ ၂၀ မျှ အကျိုးသက်ရောက်မှု များလာ နိုင်ကြောင်း ညွှန်ပြနေသည်။ ပီဇာ၊ ဆန်းဒွစ်စသည့် အစားအစာမျိုးသည် ဆားကို သင့်လျော်သည်ထက် ပိုမိုသုံးစွဲနေရပြီး ယင်းသည် ရေရှည်တွင် ကျန်းမာရေး အတွက် ဆိုးကျိုး ဖြစ်လာနိုင်စေကြောင်း ကွင်းစလန်း တက္ကသိုလ်မှ ဦးဆောင် သုတေသီ လင်ဒါကိုဘလက်က ရှင်းပြခဲ့သည်။

ဆားဓာတ် များပြားခြင်းသည် သွေးတိုးမှု အပြင် နှလုံးကိုပါ ရေရှည် ထိခိုက်စေနိုင်ကြောင်း ဆားနှင့် ကျန်းမာရေး ဆက်စပ်မှု လေ့လာရေး အဖွဲ့မှ ဒေါက်တာ ကက်ထရီနာ ဂျန်နာကဆိုသည်။ ဗြိတိန် နိုင်ငံ၊ ကျန်းမာရေးဖောင်ဒေးရှင်းမှ ဗစ်တိုးရီးယား တိုင်လာက အစားအသောက် ကုမ္ပဏီများအနေနှင့် ဆားသုံးစွဲမှု လျှော့ပေါ့ခြင်းကို ပိုမိုပူးပေါင်း ပါဝင်လာခြင်းသည် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ကြီးကြီးမားမား အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here